International: ဂရိဇ်မန်းက ရော်နယ်ဒိုနှင့် မက်ဆီတို့နှင့် ခြေစွမ်းခြင်း ယှဉ်နိုင်ဟု ဆို

ဂရိဇ်မန်းက ပြင်သစ်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

 

ပြင်သစ်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အသင်းတိုက်စစ်ကစားသမား ဂရိဇ်မန်းက ရော်နယ်ဒိုနဲ့ မက်ဆီတို့လိုပဲ ခြေစွမ်းကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ အသင်းဖော် ဆက်ဂနာက ချီးကျူးလိုက်ပါတယ်။

 

အသလက်တီကို တိုက်စစ်မှူးလည်းဖြစ်တဲ့ ဂရိဇ်မန်းက လက်ရှိ ယူရိုချန်ပီယံရှစ်မှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီအသင်းဘက်ကို နှစ်ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့နဲ့အတူ လိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ဒီကစားသမားနှစ်ဦး ခြေစွမ်းကောင်းသလောက် ဂရိဇ်မန်းလည်း လုပ်ပြနိုင်တယ်လို့ ဆက်ဂနာက ပြောကြားခဲ့တာပါ။

 

ရော်နယ်ဒိုနဲ့ ဂရိဇ်မန်းက ယနေ့ည ကစားမယ့် ဗိုလ်လုပွဲမှာ တွေ့ဆုံကြရမှာဖြစ်ပါတယ်။ " ရော်နယ်ဒိုကို အကောင်းဆုံး ကစားသမားလို့ မသတ်မှတ်ရင်တောင်မှ သူ့ရဲ့စွမ်းဆောင်ရည် ပြင်းထန်ပြီး ရင်ဆိုင်ရခက်တာကို အသိအမှတ်ပြုရမှာပါ။ ကျွန်တော့်အတွက်ဂရိဇ်မန်းက ရော်နယ်ဒို၊ မက်ဆီတို့လောက်ကို ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်" လို့ ဆက်ဂနာက ပြောပါတယ်။

 

ဂရိဇ်မန်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမားမဖြစ်ခင် လူငယ်ဘဝတုန်းက ပြင်သစ်ဘောလုံးအကယ်ဒမီတွေထံ တက်ရောက်ဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် လူကောင်သေးပြီး သူ့ရဲ့ခြေစွမ်းကို အကယ်ဒမီတွေ မကြိုက်တဲ့အတွက် ငြင်းပယ်ခြင်းခံခဲ့ရဖူးပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ