International: မက်ဆီ ပင်နယ်တီလွဲသည့် ဘောလုံး အွန်လိုင်းတွင် ဈေးကောင်းရနေ

ဗိုလ်လုပွဲမှာ မက်ဆီပင်နယ်တီ လွဲခဲ့တဲ့ ဘောလုံးကို အပြိုင်အဆိုင် ကမ်းလှမ်းပြီး ဝယ်ယူနေကြတာပါ။

play

 

ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားကြယ်ပွင့်ကစားသမား မက်ဆီလွဲချော်သွားတဲ့ ဘောလုံးဟာ အင်တာနက်မှာ ဈေးကြီးပေးပြီး အပြိုင်ဝယ်ယူခြင်း ခံနေရတယ်လို့ သိရပါတယ်။ မက်ဆီပင်နယ်တီ ကန်လိုက်တဲ့ ဘောလုံးကို ချီလီပရိသတ် တစ်ဦးက ရရှိသွားတာဖြစ်ပါတယ်။

play

 

ပက်ဒရိုဗက်စကွက်ဆိုတဲ့ ဘောလုံးပရိသတ်တစ်ဦးက အဲဒီဘောလုံးကို အိမ်ယူသွားပြီး အမှတ်တရ သိမ်းထားခဲ့တာဖြစ်ပါတယ်။ သူ့ထံမှာ အဲဒီဘောလုံးရှိတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်ပိုင်း အွန်လိုင်းကတဆင့် အပြိုင်ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီ ပင်နယ်တီလွဲသွားတဲ့ ဘောလုံးအတွက် ဒေါ်လာ ၃၀၀၀၀ အထိပေါ်ညီ့း ဝယ်ယူမယ့်သူတွေတောင် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီဘောလုံးကို မရောင်းချင်ပေမယ့်လည် အိမ်မှာ ဘောလုံးရှိနေတဲ့အခါ သူခိုးရန်က စိတ်မချရတဲ့ အခြေအနနေ ဖြစ်နေတယ်လို့ ဗက်ကွက်ဇ်က ပြောပါတယ်။ ငွေကြေးကမ်းလှမ်းမှုတွေကလည်းများနတဲ့အတွက် သူ့ဆီမှာ ဆက်ထားဖို့ အတော်ကို စဉ်းစားနေရတယ်လို့ ဆိုပါတယ်။

play

 

ဒီထက်ပိုပြီး များပြားတဲ့ဈေးနှုန်းတစ်ခုခုပေးလာရင်တော့ ရောင်းချလိုက်တော့မယ်လို့ အဆိုပါ ပရိသတ်က ပြောပါတယ်။

Source : Fox Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ