International: ချန်ပီယံလိဂ်ကို ယှဉ်ပြိုင်မည့် ပြိုင်ပွဲတစ်ရပ် ပေါ်လာဖွယ်ရှိ

ဥရောပအသင်းကြီးတွေရဲ့ ပြိုင်ပွဲဟာ အာရှမြေပေါ်မှာ ဖြစ်လာနိုင်ပါတယ်။

play

 

ကမ္ဘာမှာ ပရိသတ်စိတ်ဝင်စားမှု အရရှိဆုံး ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်နဲ့ ယှဉ်ပြိုင်မယ့် ဘောလုံးပြိုင်ပွဲတစ်ရပ်ကိုဖန်တီးဖို့ တရုတ်လူမျိုး လုပ်ငန်းရှင်ဘီလျံနာတစ်ဦး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

တရုတ်လုပ်ငန်းရှင် ဝမ်ကျန်လင်းရဲ့ အစီအစဉ်အရကမ္ဘာ့နာမည်အကြီးဆုံး ဘောလုံးအသင်းတွေကို စုစည်းကာ ပြိုင်ပွဲတစ်ရပ် ကျင်းပသွားမယ့် အစီအစဉ်ဖြစ်ပါတယ်။ အသင်းတွေအတွက်လည်း ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေး စတာတွေပိုမိုရရှိမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိနှ်ာ ဘီလျံနာဝမ်ကျန်လင်းရဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေက ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ယူအီးအက်ဖ်အေဘက်က ပယ်ချခဲ့မယ်ဆိုရင်လည်း ဝမ်ကျန်လင်းဘက်က အသင်းတွေနဲ့ တိုက်ရိုက်ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

play

 

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ အာဆင်နယ်၊ ချယ်လ်ဆီး စတဲ့ အသင်ေးတွပါဝင်တဲ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပဖို့ ဖန်တီးနေတာဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်ကလည်း တရုတ်မှာ ဘောလုံးအားကစားပိုမိုတိုးတက်လာဖို့ တွန်းအားပေးထားတယ်လို့ ဆိုပါတယ်။

play

 

ဝမ်ကျန်လင်းရဲ့ ကုမ္ပဏီက အားကစားဆိုင်ရာ မဟာဗျူဟာမြောက် ဒါရိုက်တာ ဘိုဂါရယ်လီရဲ့ အဆိုအရ နောင်တစ်ချိန်မှာ ရော်နယ်ဒိုတို့လို ကစားသမားမျိုးတွေကို ခေါ်ကစားနိုင်မယ့် ငွေကြေးမျိုး အာရှဘောလုံးဈေးကွက်မှာ ရလာလိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါပြိုင်ပွဲကို စပိန်လာလီဂါ၊ စီရီးအေကလပ် အသင်းတွေနဲ့ စတင်ဖွယ်ရှိပြီး ပရီးမီးယားလိဂ်နဲ့တော့ များစွာ ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ