International: ပေါ်တူဂီ - ပြင်သစ် ယူရို ၂၀၁၆ ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်

ပြင်သစ်က ချန်ပီ့ယံနှစ်ကြိမ်ဖြစ်ဖူးပြီး ပေါ်တူဂီက အခုမှ ပထမဆုံးချန်ပီယံဖြစ်ခွင့်အတွက် ကြိုးစားရမှာပါ။

play

 

ပေါ်တူဂီနဲ့ အိမ်ရှင်ပြင်သစ်အသင်းတို့ ရင်ဆိုင်ရမယ့် ယူရို ၂၀၁၆ ဗိုလ်လုပွဲစဉ်ကို ဒီကနေ့ည ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။ အိမ်ရှင်လည်း ဖြစ်နေသလို၊ ယူရိုပြိုင်ပွဲမှာ အစဉ်အလာလည်းရှိတဲ့ ပြင်သစ်အသင်းကသာ ပိုပြီးရေပန်းစားလျှက်ရှိတာပါ။ ဒါပေမယ့် ပထမဆုံးအကြိမ် ယူရို ချန်ပီယံဖြစ်ခွင့်ရှိနေတဲ့ ပေါ်တူဂီအသင်းရဲ့ စိတ်ဓါတ်အင်အားကိုလည်း လျှော့ပေါ့တွက်ဆထားလို့ မရပါဘူး။

ဖြစ်နိုင်ချေပွဲထွက်လူစာရင်း

ပေါ်တူဂီ

play

 

ဂိုး - ပက်ထရီရှို၊ နောက်တန်း - ပေပေ၊ ဖွန်တ၊ စီဒရစ်၊ ဂွါရီယို၊ အလယ်တန်း - ဝီလျံကာဗယ်ဟို၊ အက်ဒရီယန်၊ မာရီယို၊ ဆန်းချက်ဇ်၊ ရှေ့တန်း - နာနီ၊ ရော်နယ်ဒို

ပြင်သစ်

play

 

ဂိုး - လိုရစ်၊ နောက်တန်း - အီဗရာ၊ ဆက်ဂနာ၊ ကိုစီရယ်နီ၊ အမ်တီတီ၊ အလယ်တန်း - ပေါ့ဂ်ဘာ၊ မာတီဒီ၊ ဆစ်ဆိုကို၊ ဂရိဇ်မန်း၊ ရှေ့တန်း - ပေယက်၊ ဂျီရော့ဒ်

ပေါ်တူဂီ အားသာချက်

play

 

ပေါ်တူဂီအသင်းရဲ့ အားသာချက်က တန်ပြန်တိုက်စစ် ကောင်းမွန်တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ ယှဉ်လိုက်ရင် ပေါ်တူဂီအသင်းမှာ အားသာချက်လျော့နည်းပေမယ့် ဒါကိုလည်း ထည့်မတွက်လို့ မရပါဘူး။ ပေါ်တူဂီရဲ့ တိုက်စစ်အတွက် အဓိက လိုက်ပါပေးတဲ့ ရော်နယ်ဒို၊ နာနီ၊ ဆန်းချက်ဇ် စတဲ့ကစားသမားတွေအားလုံး တန်ပြန်တိုက်စစ်မှာ အသုံးဝင်တဲ့ ကစားသမားတွေပါ။ အားနည်းချက်ကတော့ ကစားပုံ ထင်သလောက် မကောင်းတာပါပဲ။

ပြင်သစ် သုံးသပ်ချက်

play

 

ပြင်သစ်ရဲ့ ခြေစွမ်းပိုင်းဟာ ချန်ပီယံခြေစွမ်းဖြစ်နေပြီလို့ ပြောကြပါတယ်။ ဂျာမနီ၊ အီတလီတို့ကို ကျော်ဖြတ်ခဲ့ရုံနဲ့တင် ပြင်သစ်အတွက် ချန်ပီယံဖြစ်ဖို့ လုံလောက်နေပြီလို့ ဆိုကြပါတယ်။ ဒါပေမယ့် ပြင်သစ်က ဒီလိုအသင်းတွေနဲ့ တွေ့ရလို့ ပွဲပန်းနေနိုင်ပါတယ်။ ဒါကို သတိပြုရမှာပါ။

ထိပ်တိုက်တွေ့ဆုံမှု

play

 

နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ဆယ်ကြိမ်တိတိ ပြင်သစ်ကပဲ ပေါ်တူဂီကို အနိုင်ရထားခဲ့တာဖြစ်လို့ ပေါ်တူဂီအတွက် မခံချင်စရာပါ။ စုစုပေါင်း ၂၄ ကြိမ်တွေ့ဆုံရာမှာ ပေါ်တူဂီက ငါးကြိမ်နိုင်ပြီး ပြင်သစ်က ၁၈ ကြိမ်နိုင်ပါတယ်။ ပြင်သစ်ကို ပေါ်တူဂီအနိုင်မရတာဟာ နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်တဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။

သုံးသပ်ချက်

play

 

ပေါ်တူဂီဟာ ကစားပုံမကောင်းတာ အားလုံးအသိဖြစ်ပါတယ်။ ရော်နယ်ဒို ရှိနေတာကိုက ပေါ်တူဂီရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။ ရော်နယ်ဒို ဂိုးပေါက်ပျောက်တဲ့အခါနဲ့ လွတ်လွတ်လပ်လပ် ကစားခွင့်မရတဲ့ အခါတွေမှာ ပေါ်တူဂီအခက်တွေ့တော့တာပါပဲ။

တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Link အချို့

အစဉ်အလာအရ ပြင်သစ်က ပိုသာပြီးသားဖြစ်ပါတယ်။ လူငယ်လူကြီးမျှတနေတဲ့ ပြင်သစ်ရဲ့ လူစာရင်းဟာ ပေါ်တူဂီထက် သာလွန်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီရဲ့ တန်ပြန်တိုက်စစ်ကိုတော့ သတိထားရမှာပါ။ ပွဲပြီးချိန်နီးမှ ပေါ်တူဂီ ဂိုးကောက်သွင်းလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ပထမဆုံး ချန်ပီယံ ဖြစ်ဖို့ ပေါ်တူဂီ ကြိုးစားပါလိမ့်မယ်။

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ