International: ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းမည်ဟု ရော်နယ်ဒို ကြွေးကြော်

ပြင်သစ်ကိ ပိုပြီးရေပန်းစားတယ်ဆိုတာကိုတော့ ရော်နယ်ဒိုက ဝန်ခံပါတယ်။

play

 

ဗိုလ်လုပွဲမှာ တွေ့ရမယ့် ပြင်သစ်အသင်းက အိမ်ရှင်ဖြစ်တဲ့အတွက်ပိုပြီးတော့ ရေပန်းစားတဲ့အသင်းဖြစ်တယ်ဆိုတာကို ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းကို ဒီနှစ်ယူရိုမှာ ဘယ်သူမှ မနိုင်သေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ရော်နယ်ဒိုက ထပ်ပြောလိုက်ပါတယ်။

ပေါ်တူဂီအသင်းက ၂၀၀၄ ခုနှစ်ဗိုလ်လုပွဲမှာ ဂရိကို ရှုံးခဲ့ပြီးနောက် ချန်ပီယံဆုနဲ့ လွဲခဲ့ရစဉ်ကလည်း ရော်နယ်ဒို ပါဝင်ခဲ့ပါသေးတယ်။ အခု ရော်နယ်ဒိုအတွက် ဒုတိယအကြိမ်မြောက် ယူရို ဗိုလ်လုပွဲဖြစ်ပါတယ်။ " အိမ်ရှင်ဆိုတဲ့ အားသာချက်က ကြီးမားပါတယ်။ တစ်နိုင်ငံလုံးက သူတို့ကို အားပေးကြမှာလေ။ ဒီတော့ သူတို့အသင်းက ရေပန်းစားပါတယ်။

play

 

ဒါပေမယ့်ကျွန်တော်တို့ကလည်း ဒီပြိုင်ပွဲမှာ မရှုံးဖူးသေးပါဘူး။ ဒီစံချိန်ကို ဆက်ထိန်းနိုင်ဖို့မျှော်လင့်ပါတယ်" လို့ ရော်နယ်ဒိုက ပြောပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကတော့ ရော်နယ်ဒိုရဲက ပေါ်တူဂီအသင်းက ဗိုလ်လုပွဲမှာ ဂရိဇ်ကို ရှုံးပြီးနောက် ရော်နယ်ဒို ငိုကြွေးခဲ့တဲ့ပုံတွေဟာ အလွန်နာမည်ကြီးခဲ့ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ