International: မျက်ရည်များဖြင့် ဒဏ်ရာရ ရော်နယ်ဒို ကွင်းထဲမှ ထွက်သွားခဲ့ရ

ပွဲချိန် မိနစ် ၂၀ ကျော်အတွင်းမှာ ဒဏ်ရာအကြိမ်ကြိမ်ရခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။

play

 

ပြင်သစ်အသင်းနဲ့ ရင်ဆိုင်နေတဲ့ ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ပွဲချိန် မိနစ် ၂၀ ကျော်အတွင်း ထိခိုက်ဒဏ်ရာ အကြိမ်ကြိမ်ရပြီးနောက် ပြိုင်ပွဲက ထွက်သွားရပြီဖြစ်ပါတယ်။

play

 

ပွဲချိန် ၁၀ မိနစ်မပြည့်ခင်မှာကတည်းက ပြင်သစ်ကစားသမား ပေယက်ရဲ့ စိန်ခေါ်မှုကို ခံရပြီးနောက် ရော်နယ်ဒိုတစ်ယောက် ဒဏ်ရာစတင် ရရှိခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါ ပွဲချိန် ၁၆ မိနစ်မှာလည်း ရော်နယ်ဒိုတစ်ယောက် ထိခိုက်ဒဏ်ရာ ရပြီးနောက် ကွင်းထဲက ထွက်သွားခဲ့ရပါသေးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပွဲချိန် ၂၄ မိနစ်မှာ ရော်နယ်ဒိုဟာ ဒဏ်ရာပြင်းထန်လာမှုကို မခံစားနိုင်တော့တဲ့နောက် ကွင်းထဲက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

play

 

ကွင်းထဲက မထွက်ခွာခင်မှာ မျက်ရည်တွေကျဆင်းနေခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေကလည်း ချက်ချင်းပဲ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ရော်နယ်ဒို ထွက်သွားခဲ့ရတဲ့ အချိန်ထိ ပြင်သစ်နဲ့ ပေါ်တူဂီက ဂိုးမရှိသရေ ကျနေဆဲ ဖြစ်ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ