International: အချိန်ပိုသွင်းဂိုးဖြင့် ယူရိုချန်ပီယံရှစ် ဖလားကို ပေါ်တူဂီ ပထမဆုံးအကြိမ်ဆွတ်ခူး

ပေါ်တူဂီအသင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။

play

 

သာမန်ပွဲကစားချိန် ပြီးဆုံးလို့ အချိန်ပိုကစားခဲ့ပြီးတဲ့နောက် ပေါ်တူဂီအသင်းက တိုက်စစ်မှူး အီဒါရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အိမ်ရှင်ပြင်သစ်ကို အနိုင်ရရှိသွားပါတယ်။ ပေါ်တူဂီအသင်း တိုက်စစ်ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရော်နယ်ဒိုက ပထမပိုင်းမှာ ထွက်သွားခဲ့ရပေမဲ့ ပေါ်တူဂီအသင်းက ခံစစ်အသားပေး ကစားသွားပြီး အနိုင်ရသွားတာဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းအတွက် သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုချန်ပီယံရှစ် ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဘက်မှာ တိုက်စစ်မှူး ရော်နယ်ဒို၊ နာနီတို့နဲ့ ပွဲထွက်ခဲ့ပေမဲ့ ကွာရက်စ်မာကိုတော့ ပွဲမထုတ်ခဲ့ပါဘူး။ ပထမပိုင်းအပြီးမှာတင် ပြင်သစ်အသင်းဘက်က အကြိမ်ကြိမ်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမဲ့ တကယ်လိုအပ်တဲ့ အခွင့်အရေးကိုတော့ မရရှိခဲ့ပါဘူး။

play

 

အချိန်ပို ရောက်သွားတဲ့အချိန်မှာ ပြင်သစ်အသင်းဘက်က ဂိုးရဖို့အခွင့်အရေး နှစ်ကြိမ်ထက် မနည်း ရခဲ့ပေမဲ့ တကယ်တမ်း ဂိုးရသွားတာကတော့ ပေါ်တူဂီအသင်းဖြစ်ပါတယ်။

play

 

ပွဲချိန် ၁၀၉ မိနစ်မှာ ပေါ်တူဂီ တိုက်စစ်မှူး အီဒါက ဂိုးဧရိယာ အပြင်ဘက်ကနေ မထင်မှတ်ဘဲ ကန်သွင်းလိုက်တဲ့ ကန်ချက်ဟာ ဂိုးထောင့်ကို ရောက်သွားခဲ့တာကြောင့် ပြင်သစ်ဂိုးသမား လိုရစ်လည်းဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အချိန်ပို ပြီးဆုံးတဲ့အထိ ပေါ်တူဂီအသင်းက အနိုင်ဂိုးကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

play

 

ပြင်သစ်အသင်းကတော့ သုံးကြိမ်မြောက်ချန်ပီယံဖြစ်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ပေါ်တူဂီက ပထမဆုံးအကြိမ် ယူရိုချန်ပီယံဖလားကို ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ