International: ဖလားရပြီးနောက် ဖာဂူဆန်နှင့် ပွေ့ဖက်နှုတ်ဆက်ခဲ့သည့် ရော်နယ်ဒို

ရော်နယ်ဒိုအတွက် ပထမဆုံးအကြိမ်ရတဲ့ ယူရိုချန်ပီယံရှစ် ဖလားလည်း ဖြစ်ပါတယ်။

play

 

ပြင်သစ်ကို အနိုင်ရပြီးနောက် ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ အချိန်မှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်က ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

play

 

ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲစဉ်မှာ ပထမပိုင်းကတည်းက ရော်နယ်ဒိုတစ်ယောက် ဒဏ်ရာကြောင့် ထွက်ခွာသွားပြီး လူစားလဲခဲ့ရပေမဲ့ အချိန်ပိုမှာ သွင်းယူတဲ့ တိုက်စစ်မှူး အီဒါရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ တစ်လျှောက် သူချီးကျူးခဲ့ဖူးတဲ့ တစ်ဦးတည်းသော နည်းပြက မန်ယူအသင်း နည်းပြဟောင်း အဲလက်စ်ဖာဂူဆန် ဖြစ်ပါတယ်။

play

 

ယူရို ၂၀၁၆ ဗိုလ်လုပွဲစဉ်အပြီးမှာ ဖာဂူဆန်နဲ့ ရော်နယ်ဒိုတို့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ ပြန်လည်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

play

 

မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ထံ ရောင်းချခဲ့တာဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ