International: ငွေဖိနပ်ဆုကို ရော်နယ်ဒိုက နာနီထံ လက်ဆောင်ပြန်ပေး

နာနီရဲ့ ကြိုးစားမှုကိုလည်း အသိအမှတ် ပြုပေးခဲ့တာဖြစ်ပါတယ်။

play

 

ယူရိုချန်ပီယံရှစ် ဗိုလ်ုလုပွဲအပြီးမှာ ရရှိခဲ့တဲ့ ငွေဖိနပ်ဆိုကို ရော်နယ်ဒိုက အသင်းကစားဖော် နာနီထံ လက်ဆောင်ပြန်ပေးလိုက်တယ်လို့သိရပါတယ်။ ယူရိုပြိုင်ပွဲမှာ နာနီကလည်း ရော်နယ်ဒိုနဲ့အတူ အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။

play

 

ဂိုးအများဆုံး သွင်းတဲ့ ရွှေဖိနပ်ဆုကို အိမ်ရှင်ပြင်သစ်အသင်း ကစားသမား ဂရိဇ်မန်း ရရှိခဲ့ပေမယ့် ငွေဖိနပ်ဆုကိုတော့ သုံးဂိုးသွင်းပြီး သုံးဂိုးဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒိုက ရရှိခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ရော်နယ်ဒိုက ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် တိုက်စစ်မှာ ကွာရက်စ်မာ၊ ဆန်းချက်ဇ်တို့နဲ့အတူ ဦးဆောင်ပေးခဲ့တဲ့ အသင်းဖော်နာနီကို ရော်နယ်ဒိုက အမှတ်တရ ပြန်ပေးခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းမှာ ရော်နယ်ဒိုနဲ့အတူ လက်တွဲကစားခဲ့ပေးဖူးတဲ့ နာနီလည်း သုံးဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးမှု တစ်ဂိုးသာ ပြုလုပ်ပေးနိုင်တာကြောင့် ငွေဖိနပ်ဆုနဲ့ လွဲခဲ့တာဖြစ်ပါတယ်။ တကိုယ်ကောင်းဆန်တဲ့ ကစားသမားဆိုပြီး ရော်နယ်ဒိုကို အချို့က ဝေဖန်ကြတဲ့အပေါ် ဒီနှစ်ယူရိုပြိုင်ပွဲက အပြုအမူတွေနဲ့ ချေဖျက်ပြလိုက်တာ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ