International: အင်္ဂလန်အသင်း မန်နေဂျာ ဆမ်အလာဒိုက် ဖြစ်လာရန် နီးစပ်နေ

ဖာဂူဆန်ရဲ့ ထောက်ခံမှုနဲ့ ဆမ်အလာဒိုက်ကို အင်္ဂလန်အက်ဖ်အေက ခေါ်ယူတွေ့ဆုံ ဆွေးနွေးနေပါတယ်။

play

 

လစ်လပ်နေတဲ့ အင်္ဂလန်အသင်းမန်နေဂျာရာထူးအတွက် ဝါရင့်နည်းပြ ဆမ်အလာဒိုက်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ အသင်းနဲ့လမ်းခွဲသွားတဲ့ နည်းပြဟောင်း ရွိုင်းဟော့ဆန်နေရာအတွက် ဆမ်အလာဒိုက်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေခေါ်ယူတွေ့ဆုံ ဆွေးနွေနေတာဖြစ်ပါတယ်။

play

 

လက်ရှိဆန်းဒါးလန်းနည်းပြအဖြစ် တာဝန်ယူထားတဲ့ နည်းပြဆမ်အလာဒိုက်က မကြာသေးခင်ကမှ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ် အဖြစ်သွားရောက်နေတဲ့ သြစတြီးယားက ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်ချုပ် မာတင်ဂလင်းအပြင် ဒုဥက္ကဋ္ဌ ဒေးဗစ်ဂီးလ်တို့နဲ့ အင်တာဗျူး လုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အင်္ဂလန်အသင်းနည်းပြအဖြစ် ဆမ်အလာဒိုက်ကို ခန့်အပ်ဖို့အတွက် မန်ယူအသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ထံက ထောက်ခံချက်ရခဲ့တာ ဖြစ်တယ်လို့ဗြိတိန်မီဒီယာ အချို့က ဖော်ပြပါတယ်။ ပြီးဆုံးခဲ့တဲ့ ဥရောပချန်ပီယံရှစ်မှာ အင်္ဂလန်အသင်း အောင်မြင်မှု မရခဲ့တဲ့နောက် လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ