International: ကမ္ဘာ့လစာအများဆုံး ကစားသမားစာရင်း ဝင်လာသည့် ပယ်လီကို တရုတ်ကို ရောက်ရှိလာ

ကမ္ဘာ့လစာအများဆုံး ဘောလုံးသမား စာရင်းမှာ ပယ်လီက နံပါတ်-၅ ချိတ်သွားပြီလို့ ဆိုပါတယ်။

play

 

တရုတ်ကလပ် ရှန်တုန်အသင်းကို ပြောင်းရွှေ့လာတဲ့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း ပယ်လီကို ရာနဲ့ချီတဲ့ အသင်းပရိသတ်တွေ ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံ ရှန်တုန်ပြည်နယ် ကျီနန်လေဆိပ်ကို ရောက်လာတဲ့ တိုက်စစ်မှူး ပယ်လီကို ပရိသတ်တွေ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

play

 

အီတလီတိုက်စစ်မှူး ပယ်လီနဲ့အတူ ချစ်သူမော်ဒယ် ဗစ်တိုးရီးယားဗာဂါလည်း ပါဝင်လာခဲ့ပါတယ်။ တိုက်စစ်မှူးပယ်လီကို တရုတ်ကလပ် ရှန်တုန်အသင်းထံ ရောင်းချဖို့ နှစ်ဖက်အသင်း သဘောတူညီခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆောက်သမ်တန်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပယ်လီကို ချန်ဒေါင်းလူနန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

play

 

ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းသာရှိပေမဲ့ တိုက်စစ်မှူး ပယ်လီဟာ ရှန်တုန်အသင်းထံမှာ တစ်ပတ်လုပ်ခလစာငွေ နှစ်သိန်းခြောက်သောင်းလောက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ များပြားလှတဲ့ ဒီလစာငွေကြောင့် ကမ္ဘာ့လုပ်ခလစာအများဆုံး ရတဲ့ ကစားသမား စာရင်းမှာ ပယ်လီက နံပါတ်-၅ ချိတ်သွားပါတယ်။

play

 

တရုတ်ကလပ်အသင်းအချို့က ငွေကြေးအလုံးအရင်းသုံးပြီး ဥရောပထိပ်သီးကစားသမားတွေကို စူပါလိဂ်မှာ လာကစားဖို့ ကြိုးစားနေမှုတွေထဲမှာ ပယ်လီက နောက်ဆုံးအပြောင်းအရွှေ့ ဖြစ်လာပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ