International: ဆွာရက်ဇ်ကို ချီးကျူးဂုဏ်ပြုစကား ပြောတဲ့ ဘရာဇီးက မစ္စဘမ်ဘမ်း

, updated

ဆွာရက်ဇ်ကို ရည်ရွယ်ပြီး အင်စတာဂရမ်မှာလည်း သူမရဲ့ ဓာတ်ပုံတွေ တင်ခဲ့ပါသေးတယ်။

play

 

ဘာစီလိုနာကိုအားပေးသူအဖြစ် နာမည်ကျော်တဲ့ ဘရာဇီးက တင်ပါးအလှမယ်မစ္စဘမ်ဘမ်းက တိုက်စစ်မှူးဆွာရက်ဇ်ကို ချီးကျူးဂုဏ်ပြုစကား အင်စတာဂရမ်ကတစ်ဆင့် ပြောကြားလိုက်ပြန်ပါတယ်။ ဘာစီလိုနာအသင်း ကစားသမားလူးဝစ္စဆွာရက်ဇ်ရဲ့ ဘာစီလိုနာကစားသမားဘဝ ၂ နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် ဂုဏ်ယူကြောင်း သူမက ဆွာရက်ဇ်ရဲ့ ဓာတ်ပုံနဲ့တကွ တင်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

ဆွာရက်ဇ်မတိုင်ခင်မှာ သူမက ဘာစီလိုနာ ကြယ်ပွင့်ကစားသမား ပီကေးနဲ့ မက်ဆီတို့ကိုလည်း ဒီလိုဓာတ်ပုံတွေ တင်ပြီး အားပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ ဘရာဇီးမှာ ကျင်းပတဲ့ တင်ပါးအလှမယ်ပြိုင်ပွဲမှာ အလှမယ်အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။ မက်ဆီကို အစဉ်တစိုက်အားပေးခဲ့တုန်းက မက်ဆီရဲ့ဇနီးသည်ဖြစ်သူ တားမြစ်ချက်ကြောင့် မက်ဆီကိုယ်တိုင်သူမက လူမှုကွန်ရက်မှာ ဘလော့ထားရတယ်လို့ ဆိုပါတယ်။

play

 

လူးဝစ္စဆွာရက်ဇ်က လီဗာပူးအသင်းထံကနေ ဘာစီလိုနာကိုပြောင်းရွှေ့ရောက်ရှိလာတာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့ အသင်းမှာ ပွဲထွက်ခွင့်သက်တမ်းက နှစ်နှစ်မပြည့်သေးပါဘူး။ ဘာစီလိုနာကို ရောက်လာခါစမှာ ဥရုဂွေးနဲ့ကစားခဲ့စဉ်က ပြစ်ဒဏ်အတွက် ဘောလုံးကစားခွင့် အပိတ်ခံရထားရလို့ ဖြစ်ပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ