International: ကမ္ဘာ့အချမ်းသာဆုံး ဆယ်လီ ၅ ဦးစာရင်းမှာ ရော်နယ်ဒို ပါဝင်

, updated

ရော်နယ်ဒိုထက် ဝင်ငွေပိုများတဲ့ အောင်မြင်ကျော်ကြားသူက အဆိုတော် တေလာဆွစ်ဖ်ဖြစ်ပါတယ်။

play

 

င်္Forbes မဂ္ဂဇင်းက အသစ်ထုတ်ပြန်လိုက်တဲ့ စာရင်းအသစ်တွေအရ ကမ္ဘာ့အောင်မြင်ကျော်ကြား ပုဂ္ဂိုလ်များထဲက ဝင်ငွေအများဆုံး စာရင်းမှာ ပေါ်တူဂီဘောလုံးသမား ရော်နယ်ဒိုက နံပါတ်-၄ နေရာ ချိတ်ထားတယ်လို့ သိရပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ ပူပူနွေးနွေး ယူရိုချန်ပီယံရှစ် ဖလားရထားတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုရဲ့ တစ်နှစ်ဝင်ငွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၈ သန်းလောက် ရနေတယ်လို့ သိရပါတယ်။ ဘောလုံးကစားခြင်းက ရတဲ့ လစာငွေတွေအပါအဝင် ကြော်ငြာစပွန်ဆာတွေကလည်း ရော်နယ်ဒိုကို ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဆယ်လီတစ်ဦး ဖြစ်လာစေခဲ့တာပါ။ ပြိုင်ဘက် ဘာစီလိုနာ ကစားသမား မက်ဆီထက် ရော်နယ်ဒိုက ဝင်ငွေပိုကောင်းတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

play

 

မက်ဆီက ရော်နယ်ဒိုပြီးရင် လက်ရှိဒုတိယကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးသမားလည်းဖြစ်ပြန်ပါတယ်။ ကမ္ဘာ့ဝင်ငွေအများဆုံးနဲ့အချမ်းသာဆုံး အောင်မြင်ကျော်ကြားသူများစာရင်းမှာ အဆိုတော် တေလာဆွစ်ဖ်က နံပါတ်-၁ ဖြစ်ပြီး နောက်ထပ် ဗြိတိန်အဆိုတော် One Direction အဖွဲ့က ဒုတိယလိုက်နေပါတယ်။

play

 

နောက်ထပ် ဝင်ငွေအများဆုံး ဆယ်လီတစ်ဦးကတော့ အမေရိကန်စာရေးဆရာ ဂျိမ်းစ်ပတ်တာဆန်ဖြစ်ပါတယ်။ သူတို့သုံးဦးပြီးရင်တော့ ရော်နယ်ဒိုက အချမ်းသာဆုံး ဆယ်လီဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ