International: ဒီနှစ်မှာ ဘာစီလိုနာအသင်းက ထွက်ခွာမည့် ကစားသမား (၇) ဦး

အသင်းထွက်မယ့် အထဲမှာ အာဆင်နယ်ကစားသမားဟောင်း ဗာမေလန်လည်း ပါဝင်ပါတယ်။

play

 

ရာသီသစ်အတွက် ကစားသမားသစ် သုံးဦးခေါ်ယူပြီးသွားပြီဖြစ်တဲ့ လာလီဂါ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်း ကစားသမား ၇ ဦးလောက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းက ထွက်ခွာမယ်လို့ သိရပါတယ်။ နည်းပြအင်းနရစ်လက်ထက်မှာ ဒီနှစ် ဘာစီလိုနာအသင်းက အပြောင်းအလဲ အများဆုံး ဖြစ်လာဖွယ် ရှိနေပါတယ်။

၁။ အက်ဒရီယာနို

ပီအက်စ်ဂျီအသင်းထံက ဒစ်ဂ်နေးကို ခေါ်ယူလိုက်ပြီးတဲ့နောက် ဘာစီလိုနာ ဘယ်တောင်ပံ ကစားသမား အက်ဒရီယာနိုလည်း အသင်းကထွက်တော့မှာပါ။

၂။ ဘရာဗို (ဂိုးသမား)

play

 

ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ဘာစီလိုနာအတွက် အဓိက ကစားသမားဖြစ်ခဲ့ပေမဲ့ အခုတော့ ဘာစီလိုနာက တာစတီဂန်ကို အဓိကကစားသမားအဖြစ် ထားကာ ဘရာဗိုကို သင့်တော်တဲ့ ဈေးနဲ့ ထုတ်ရောင်းမှာ ဖြစ်ပါတယ်။

၃။ ဗာမေလန်

အာဆင်နယ် ကစားသမားဟောင်း နောက်ခံလူ ဗာမေလန်လည်း ထွက်ခွာဖွယ်ရှိနေပါတယ်။ ဘာစီလိုနာကို ဗဟိုနောက်ခံလူ အမ်တီတီ ရောက်လာတဲ့ အတွက်ဖြစ်ပါတယ်။

၎။ ဒေါက်ဂလက် ပီရဲယား

ဘရာဇီးနောက်ခံ ကစးသမား ပီရဲယားက မွေးရပ်မြေ ဘရာဇီးမှာ ပြန်လည်ကစားဖို့ အသင်းက ထွက်ခွာမှာ ဖြစ်ပါတယ်။

၅။ အဲလက်စ်ဆောင်း

အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း အဲလက်စ်ဆောင်းကို ဝက်စ်ဟမ်းအသင်းထံမှာ ပြန်ပြီးအငှားချခဲ့ပေမဲ့ထူးထူးခြားခြား ခြေစွမ်းမပြနိုင်တော့လို့ အသင်း အပြီးရောင်းချဖွယ် ရှိနေပါပြီ။

၆။ တယ်လို

play

 

 

တယ်လိုကို ပေါ်တိုနဲ့ ဖီအိုရင်တီးနားအသင်းမှာ ပြန်ပြီးအငှားချထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ အသင်းက အပြီးထွက်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။

၇။ မာတင်မွန်တိုယာ

စပိန်လက်ရွေးစင်လည်း ဖြစ်ခဲ့ဖူးတဲ့ မွန်တိုယာဟာ ဘာစီလိုနာမှာ တောက်ပလာမယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ဖူးပေမဲ့ အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး အသင်းကထွက်ဖို့ ပြင်နေပါပြီ။

Source : IBtime

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ