International: လက်ရှိမျိုးဆက်တွင် ရော်နယ်ဒိုက အကောင်းဆုံးဟု ဖာဂူဆန် ပြော

အကောင်းဆုံး ခြေစွမ်းကို ကာလကြာရှည် ထိန်းထားနိုင်သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ ဘောလုံးလောကမှာ ပရိသတ်တွေကို အထူးတလည် ဖြစ်စေတဲ့ အကောင်းဆုံး ဘောလုံးသမားက ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒို ဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း အဲလက်စ်ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ထိပ်သီးခြေစွမ်းကို ကာလကြာရှည် ထိန်းထားနိုင်စွမ်းရှိသူလည်း ဖြစ်တယ်လို့ ဖာဂူဆန်က ချီးကျူးပါတယ်။

ဘောလုံးလောကရဲ့ မျိုးဆက်အသီးသီးမှာ ထူးခြားကောင်းမွန်တဲ့ အကောင်းဆုံး ဘောလုံးသမားတွေ ပေါ်ထွက်ခဲ့ဖူးပြီး လက်ရှိမျက်မှောက်ခေတ်မျိုးဆက်မှာတော့ ရော်နယ်ဒိုက ဒီလိုကစားသမားမျိုး ဖြစ်တယ်လို့ နည်းပြဟောင်း ဖာဂူဆန်က ပြောတာပါ။

 

" ကျွန်တော် မန်ယူမှာ ရှိခဲ့တဲ့အချိန် အတိုးတက်ဆုံး ကစားသမားကတော့ ရော်နယ်ဒိုပဲ။ အများအားဖြင့် ဘောလုံးသမားတွေက သူတို့ရဲ့ အကောင်းဆုံး အချိန်တွေကို ငါးနှစ်သို့မဟုတ် ခြောက်နှစ်လောက်ပဲ ထိန်းထားနိုင်ကြတယ်။ ရော်နယ်ဒိုကတော့ ဒီလိုမဟုတ်ပါဘူး။ အမြဲတမ်းပဲ သူ့ရဲ့ အရည်အသွေးတွေကို ပိုကောင်းသထက် ကောင်းလာအောင် ကြိုးစားနေသူပါ" လို့ ဖာဂူဆန်က ချီးကျူးပါတယ်။

ပေါ်တူဂီအသင်း ပြင်သစ်ကိုအနိုင်ရရှိကာ ယူရိုချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ရော်နယ်ဒိုကို နှုတ်ဆက်ဖို့ ဖာဂူဆန် တန်းစီစောင့်ဆိုင်းနေခဲ့တဲ့ ရုပ်သံဗီဒီယိုဖိုင်ကလည်း ရေပန်းစားခဲ့ပါသေးတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ