International: ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းက ရီးရဲလ်မက်ဒရစ် မဟုတ်

ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းစာရင်း နံပတ်-၁ နေရာမှာ ရှိနေတာ ဘောလုံးအသင်း မဟုတ်ပါဘူး။

play

 

Forbes မဂ္ဂဇင်းက အသစ်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းဟာ ချန်ပီယံလိဂ်ဖလား ၁၁ ကြိမ်မြောက် ရယူထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းမဟုတ်ခဲ့ပါဘူး။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးအသင်းက အမေရိကန် NFL အသင်း ဒါးလက်စ်ကောင်းဘွိုင်ဖြစ်တယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာ ဒါးလက်စ်ကောင်းဘွိုင်အသင်းက စုစုပေါင်း တန်ကြေး ပေါင် ၃ ဘီလီယံ ရှိတယ်လို့ စာရင်းအသစ်မှာ ဖော်ပြထားပါတယ်။ ချန်ပီယံလိဂ်ဖလား ရထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တန်ကြေးကတော့ စုစုပေါင်း ပေါင် ၂.၈ ဘီလီယံ သာရှိပါတယ်။ ဘောလုံးအသင်းမဟုတ်တဲ့ အခြားအားကစား အသင်းတစ်ခုက ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းအဖြစ် သတ်မှတ်ခြင်းခံရတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

play

 

NFL အသင်း ဒါးလက်စ်ကောင်းဘွိုင်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေ ရင်ဆိုင်ခဲ့ရပေမယ့် ချမ်းသာကြွယ်ဝမှုမှာတော့ တိုးလာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ပြီးရင် စုစုပေါင်း ချမ်းသာကြွယ်ဝမှု ၂.၇ ဘီလီယံနဲ့ ဘာစီလိုနာအသင်းက တတိယလိုက်နေပါတယ်။

play

 

ပရီးမီးယားလိဂ် ထိပ်သီးအသင်း မန်ချက်စတာယူနိုက်တက်က ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းတွေထဲမှာ နံပတ်-၅ ဖြစ်ပါတယ်။ အချမ်းသာဆုံး အားကစားအသင်းတွေထဲမှာ အမေရိကန်ဘတ်စကတ်ဘောအသင်း၊ NFL အသင်းတွေ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ မန်ယူတစ်သင်းသာ ပါဝင်ခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ