International: ဖီဖာအဆင့်သတ်မှတ်ချက်မှာ ဝေးလ်က အင်္ဂလန်ရဲ့အထက်မှာ ရပ်တည်လာ

ဝေးလ်အသင်းဟာ ယူရို ၂၀၁၆ မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဆင့်သတ်မှတ်ချက် တက်လာခဲ့ပါတယ်။

play


ဖီဖာက အသစ်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဝေးလ်အသင်းက အင်္ဂလန်ရဲ့အထက်ကို ရောက်ရှိသွားပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဝေးလ်အသင်းဟာ ယခင် အဆင့်နေရာမှ ၁၅ နေရာ တိုးမြင့်လာခဲ့ပြီး အင်္ဂလန်ကတော့ ၂ နေရာ ကျဆင်းသွားကာ အဆင့် ၁၃ ကို ရောက်သွားပါတယ်။

play


ဝေးလ်အသင်းဟာ ယူရို ၂၀၁၆ မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဆင့်သတ်မှတ်ချက် တက်လာခဲ့ပေမဲ့ အင်္ဂလန်ကတော့ ၁၆ သင်းရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အဆင့်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်က အဆင့် ၂၈ နေရာကို ကျဆင်းသွားသလို စကော့တလန်ကလည်း အဆင့် ၅၀ နေရာကို ရောက်သွားပါတယ်။

play


အိုင်ယာလန်အသင်းမှာ အဆင့် ၃၁ နေရာကို တက်လာခဲ့ပါတယ်။ ယူရို ၂၀၁၆ မှာ အင်္ဂလန်ကို အနိုင်ယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အိုက်စလန်မှာ ၎င်းတို့အတွက် အမြင့်ဆုံးအဖြစ် အဆင့် ၂၂ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အိုက်စလန်က ယခင်အဆင့်မှ ၂၂ နေရာ တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်စာရင်းရဲ့ ထိပ်ဆုံး ၅ သင်းမှာမူ အပြောင်းအလဲ မရှိခဲ့ဘဲ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ဂျာမနီနဲ့ ချီလီတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းက ၂ နေရာတိုးမြင့်ကာ ကမ္ဘာ့အဆင့် ၆ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ယူရို ၂၀၁၆ ဖိုင်နယ်မှာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင် ပြင်သစ်အသင်းကလည်း ၁၀ နေရာတိုးမြင့်ကာ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာအသင်းမှာ ယခင်ရပ်တည်ချက်ထက် ၁ နေရာတိုးမြင့်ကာ အဆင့် ၁၆၀ မှာ ရပ်တည်နေပါတယ်။
Source & Photo: Reuters, FIFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ