International: မြန်မာငွေ သိန်း တစ်သောင်းခွဲကျော်တန်သည့် ဇိမ်ခံကားကို ရော်နယ်ဒို ထုတ်ပြ

ပေါ်တူဂီအသင်း ယူရိုချန်ပီယံဖြစ်ပြီးနောက်က ရော်နယ်ဒိုက အေးအေးလူလူ အနားယူနေတာ ဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက မြန်မာငွေ သိန်းတစ်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဇိမ်ခံကားသစ်ကြီးတစ်စင်းကို ထုတ်ပြလိုက်ပါတယ်။ ဇိမ်ခံကားတွေ စုဆောင်းရတာ ဝါသနာပါတဲ့ ရော်နယ်ဒို အခုနောက်ဆုံး ထုတ်ပြလိုက်တဲ့ ကားသစ်က ယူရိုငွေနဲ့ဆိုရင်တော့ ၁.၂ သန်း လောက်တန်ကြေးရှိတဲ့ ကားဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ အခုနောက်ဆုံး ကားအသစ်က Bugatti Veyron အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ဒဏ်ရာရပြီးစောစောစီးစီး ထွက်သွားခဲ့ရပေမယ့် အသင်းကို ကွင်းဘေးက စိုးရိမ်တကြီးညွှန်ကြားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဖြစ်ရပ်ဟာ နာမည်ကျော်ခဲ့ပါသေးတယ်။

 

အခု ရော်နယ်ဒို ထုတ်ပြလိုက်တဲ့ ကားအသစ်က အမြန်ဆုံးအရှိန်အဖြစ် တစ်နာရီကို ၄၁၀ ကီလိုမီတာအထိ ရောက်နိုင်ပြီး ၂.၆ စက္ကန့်အတွင်း ကီလိုမီတာ တစ်ရာအထိ ရောက်ရှိနိုင်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ