International: ယူကရိန်းအသင်း နည်းပြဖြစ်လာတဲ့ တိုက်စစ်မှူးဟောင်း ရှက်ဖ်ချင်ကို

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးမှာ ယူကရိန်းနည်းပြ ဖိုမင်ကိုက ရာထူးမှနုတ်ထွက်သွားခဲ့ရာ ၎င်းနေရာမှာ ရှက်ဖ်ချင်ကိုကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

play


တိုက်စစ်မှူးဟောင်း အန်ဒရီ ရှက်ဖ်ချင်ကိုကို လက်ရွေးစင်အသင်း နည်းပြအဖြစ် ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ယူကရိန်းနည်းပြ ဖိုမင်ကိုမှာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး ရာထူးမှနုတ်ထွက်သွားခဲ့ရာ ၎င်းနေရာမှာ ရှက်ဖ်ချင်ကိုကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

play


အသက် ၃၉ နှစ်အရွယ် ရှက်ဖ်ချင်ကိုဟာ ယူကရိန်းရဲ့ ဒုတိယ ဂိုးအများဆုံး သွင်းယူထားခဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ရှက်ဖ်ချင်ကိုဟာ ဒိုနမိုကိဗ်၊ အေစီမီလန်နဲ့ ချယ်ဆီး ဘောလုံးကလပ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ယူကရိန်းအသင်းဟာ ယူရို ၂၀၁၆ ရဲ့ အုပ်စု (C) မှာ အမှတ်ရရှိခြင်း မရှိဘဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

play


ရှက်ဖ်ချင်ကိုဟာ ယူကရိန်းလက်ရွေးစင် အသင်းအတွက် ၁၁၁ ပွဲကစားပြီး ၄၈ ဂိုး သွင်းယူခဲ့ပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲများ မစတင်မီမှာ ရှက်ဖ်ချင်ကိုက နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် လက်ထောက်နည်းပြ ဇာဗာရော့ဗ်နေရာမှာ အစားထိုးတာဝန်ယူခဲ့ပါတယ်။

play


ရှက်ဖ်ချင်ကိုဟာ ဘောလုံးကစားသမားအဖြစ်မှ ယူရို ၂၀၁၂ ပြိုင်ပွဲအပြီးမှာ အနားယူခဲ့ပါတယ်။ အေစီမီလန်အသင်းမှာ ကစားနေစဉ် ၂၀၀၄ ခုနှစ်က အကောင်းဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ