International: ရိုင်ယန်ဂစ်နဲ့ ရော်နယ်ဒင်ဟိုတို့ ဘောလုံးပြန်ကစားနေကြ

ရိုင်ယန်ဂစ်နဲ့ ရော်နယ်ဒင်ဟိုအပြင် ပေါလ်စခိုးတို့လည်း ပါဝင်ကစားနေကြတာပါ။

play

 

မန်ယူအသင်းနဲ့ လမ်းခွဲလိုက်ပြီလို့ တရားဝင်ကြေငြာပြီးနောက် ရိုင်ယန်ဂစ်က ဘောလုံးပြန်ကစားနေသလို ဘရာဇီးကြယ်ပွင့်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုလည်း ရိုင်ယန်ဂစ်နဲ့အတူ ဘောလုံးပြန်ကစားနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီဘောလုံးသမားနှစ်ဦး ကျင်လည်ခဲ့ကြတဲ့ ဥရောပထိပ်သီး ပြိုင်ပွဲတွေမှာတော့ မဟုတ်ပါဘူး။

play

 

အိန္ဒိယမှာ ကျင်းပနေတဲ့ ပရီမီးယားဖူဆယ်ဘောလုံးပြိုင်ပွဲမှာ ရိုင်ယန်ဂစ်နဲ့ ရော်နယ်ဒင်ဟိုက မွန်ဘိုင်းအသင်းဘက်က ပါဝင်ကစားပေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးကြယ်ပွင့်ဟောင်းတွေကို ခေါ်ယူယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ အခြားသော ကြယ်ပွင့်ကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်နေကြတာတွေ့ရပါတယ်။ ရိုင်ယန်ဂစ်ရဲ့ မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးလ်လည်း ဒီပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ဘန်ဂလိုအသင်းကို ဦးဆောင်လာမှာပါ။

play

 

မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအို၊ ဒေကိုနဲ့ ခရက်စပိုတို့လို ကစားသမားတွေလည်း ပါဝင်ကြမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဖီဂိုက ဒီပြိုင်ပွဲကို ဦးစီးနေတာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ