International: ဟာဇက်ကို မက်ဆီ၊ ရော်နယ်ဒိုတို့ကဲ့သို့ ဖြစ်လာအောင် ကူညီမည်ဟု ကွန်တီပြော

ချယ်လ်ဆီး ကစားသမားအချို့က အမြင့်ဆုံးခြေစွမ်းရနိုင်တဲ့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။

play

 

ချယ်လ်ဆီးအသင်းမှာ လက်ရှိ ကစားနေတဲ့ ကစားသမားတွေထဲက အချို့ဟာ အမြင့်ဆုံး ထိပ်သီးခြေစွမ်းကို ပိုင်ဆိုင်ဖို့ အလားအလာရှိသူတွေ ဖြစ်တယ်လို့ နည်းပြသစ် ကွန်တီက ပြောကြားလိုက်ပါတယ်။ ကွန်တီရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ရက်ပစ်ဗီယင်နာနဲ့ပွဲမှာ ၂-၀ ဂိုးနဲ့ ရှုံးပြီးနောက် အခုလို ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိ ချယ်လ်ဆီး ကစားသမားတွေထဲကမှ ကြယ်ပွင့်ကစားသမား ဟာဇက်ကို မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ထိပ်သီးခြေစွမ်းမျိုး ပိုင်ဆိုင်လာအောင် မိမိ ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ကွန်တီက ဆိုပါတယ်။ အသင်းမှာ ဟာဇက်အပြင် ထိပ်သီးခြေစွမ်းကို ရနိုင်တဲ့အခြားသော ကစားသမားတွေလည်း ရှိနေတာ မိမိမြင်ရတယ်လို့ ကွန်တီက ပြောပါတယ်။

play

 

လက်ရှိအသင်းရဲ့ အခြေအနေအရ ဟာဇက်ရဲ့ ခြေစွမ်းပုံမှန်ပြန်ရလာအောင် လုပ်ဆောင်ဖို့ကလည်း အရေးကြီးတယ်လို့ နည်းပြသစ်က ပြောပါတယ်။

" ပြီးခဲ့တဲ့ ရာသီက ချယ်လ်ဆီးအသင်း အဆင့် (၁၀) ရခဲ့တယ်ဆိုတာ လုံးဝမယုံနိုင်စရာပါပဲ။ ဟာဇက်လို ကစားသမားမျိုးအတွက်လည်း ဒီအခြေအနေက မယုံနိုင်စရာပါ။ ကျွန်တော်တို့က သူတို့ကို ထိပ်ဆုံးခြေစွမ်း အဆင့် ပိုင်ဆိုင်သူတွေ ဖြစ်လာအောင် ကူညီပေးမှာပါ။ နည်းစနစ်၊ ကစားကွက်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားလုံး ပြန်ကောင်းလာအောင် လုပ်ပေးမှာ ဖြစ်ပါတယ်" လို့ ကွန်တီက ပြောခဲ့တာပါ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ