International: မန်ယူချန်ပီယံဖြစ်ဖို့ မျက်လှည့်ပညာရှင် ဒိုင်နမို ကူညီမှ ရမည်ဟု ဆို

မော်ရင်ဟိုပထမဆုံးနှစ်တွင် မန်ယူချန်ပီယံဖြစ်ဖို့ မျက်လှည့်ပညာရှင်ကူညီမှသာရမယ်လို့ သရော်ခံလိုက်ရတာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းကို နည်းပြမော်ရင်ဟို စတင်ကိုင်တွယ်တဲ့ ပထမဆုံးနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ဆိုရင် နာမည်ကျော် မျက်လှည့်ဆရာ ဒိုင်နမိုလိုလူမျိုး ကူညီမှသာ ရလိမ့်မယ်လို့ အသင်းတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ဝေဖန်လိုက်ပါတယ်။

မော်ရင်ဟိုအနေနဲ့ အသင်းသစ်တစ်သင်းနဲ့ ပထမဆုံးနှစ်မှာ အမြဲတမ်းဖလားယူနိုင်လေ့ရှိတဲ့ အစဉ်အလာ ရှိတယ်ဆိုပေမယ့် မန်ယူအသင်းမှာတော့ ဒါမျိုးလုပ်ဖို့ မလွယ်ကူဘူးလို့ အန်ဒီကိုးလ်က ဝေဖန်လိုက်တာပါ။ ပြိုင်ဆိုင်ရခက်ခဲတဲ့ ပရီးမီးယားလိဂ်ရဲ့ အခြေအနေ၊ ကစားသမားသစ်တွေ အသားကျအောင် ရုန်းကန်ရမှု စတဲ့အခြေအနေတွေကို မော်ရင်ဟို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာ ဖြစ်တယ်လို့ အန်ဒီကိုးလ်က ပြောပါတယ်။

play

 

" ပထမဆုံး နှစ်မှာ ချန်ပီယံဖြစ်သွားမယ်ဆိုရင်တော့ မျက်လှည့်ဆရာ ဒိုင်နမို ကူညီပေးတယ်လို့ပဲ ကျွန်တော်ထင်မိမှာ။ ဒီနေ့ ခေတ်မှာ ပရီးမီးယားလိဂ်က ဘာမှကြိုပြောလို့ မရလောက်အောင် ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်နေပါပြီ" လို့ အန်ဒီကိုးလ်က ပြောပါတယ်။ မန်ယူအသင်း တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ၁၉၉၈-၉၉ ခုနှစ်ဖလား သုံးလုံးရတဲ့ အချိန်မှာ အသင်းအတွက် အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့သူပါ။

မော်ရင်ဟိုဘက်က ပထမဆုံးနှစ်မှာ ဖလားရဖို့ ဘာကတိမှ မပေးထားပေမယ့် မော်ရင်ဟိုရဲ့ အစဉ်အလာအတိုင်း ပရိသတ်တွေကတော့ ပထမဆုံးနှစ်မှာ အောင်မြင်မှုကို မျှော်လင့်နေကြတာဖြစ်ပါတယ်။ ပေါ်တို၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ် စတဲ့အသင်းတွေမှာ မော်ရင်ဟိုက ပထမဆုံးနှစ်တိုင်း အနည်းဆုံး ဖလားတစ်လုံးယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ