International: ချယ်လ်ဆီး ကမ်းလှမ်းနေသဖြင့် မက်ဆီကို ဘာစီလိုနာ စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်း

လက်ရှိဘာစီလိုနာနဲ့ မက်ဆီရဲ့ စာချုပ်က ၂၀၁၈ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

 

အာဂျင်တီနား ကြယ်ပွင့်ကစားသမား မက်ဆီကို စပိန်ကလပ် ဘာစီလိုနာက နောက်ထပ်ငါးနှစ်စာချုပ်သစ်နဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဘက်က စာချုပ်သစ်ကို လက်ခံမယ်ဆိုရင် အသက် ၃၃ နှစ်အရွယ်ထိ ဘာစီလိုနာမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက တိတ်တဆိတ် ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဆိုပြီး မကြာသေးခင်ကလည်း ချယ်လ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ခ်ျက သူ့ရဲ့ဇိမ်ခံ ရွက်လှေပေါ်မှာ မက်ဆီရဲ့ ဖခင်ကိုခေါ်တွေ့ခဲ့သေးတယ်လို့ သိရပါတယ်။ စပိန်မှာလည်း အခွန်ပြဿနာကို မက်ဆီရင်ဆိုင်နေရပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် မက်ဆီဟာ ခက်ခဲတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

 

လက်ရှိမှာ မက်ဆီနဲ့ ဘာစီလိုနာအသင်း စာချုပ်က ၂၀၁၈ မှာကုန်ဆုံးမှာဖြစ်ပြီး ယူရိုသန်း ၂၅၀ နဲ့ခေါ်ယူနိုင်မယ့် စာချုပ်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ လုပ်ခလစာ များပြားလွန်းနေတဲ့အတွက်ခေါ်ယူချင်တဲ့ အသင်းတွေ အခက်တွေ့နေရတာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ