International: ဥရောပအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းတွင် ရီးရဲလ်မက်ဒရစ်မှ ကစားသမားလေးဦးပါဝင်

ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားကို ရွေးချယ်မှာ ဖြစ်ပါတယ်။

play

 

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းကို ယူအီးအက်ဖ်က ယနေ့မနက်ပဲ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဥရောပလိဂ်ပြိုင်ပွဲတွေထဲမှာ ခြေစွမ်းပြကစားခဲ့ကြတဲ့ ကစားသမားတွေထဲက အကောင်းဆုံး ကစားသမားတစ်ဦးကို ရွေးချယ်ချီးမြှင့်မှာဖြစ်ပါတယ်။

play

 

ဥရောပအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းမှာ စုစုပေါင်း ကစားသမား ဆယ် ဦး ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေထဲက ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တာတွေ့ရပါတယ်။ ဘာစီလိုနာ ကစားသမား နှစ်ဦး၊ ရီးရဲလ်မက်ဒရစ် ကစားသမား လေးဦး ပါဝင်ခဲ့ပြီး ဂျူဗင်တပ်က ဂိုးသမား ဘူဖွန်လည်း ပါဝင်ခဲ့ပါတယ်။ အသလက်တီကို ကစားသမား ဂရိဇ်မန်းလည်း ပါဝင်လာခဲ့သလို ဘိုင်ယန်မြူးနစ် ကစားသမား နှစ်ဦးလည်း ပါဝင်ခဲ့ပြန်ပါတယ်။

play

 

ဥရောပအဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံက အားကစားဂျာနယ်လစ်တွေ မဲပေးရွေးချယ်မှုနဲ့ အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာတာပါ။ ဒီကစားသမားဆယ်ဦးထဲက အကောင်းဆုံး ကစားသမား ဘယ်သူဖြစ်မလဲ ဆိုတာကို လာယ့် သြဂုတ်လ ၅ ရက်နေ့မှာ ဆုချီးမြှင့်ပွဲ ပြုလုပ်ပြီး  ရွေးချယ်မှာ ဖြစ်ပါတယ်။

၁။ ဂါရက်ဘေးလ် (ရီးရဲလ်မက်ဒရစ်)

၂။ ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)

၃။ ပေပေ (ရီးရဲလ်မက်ဒရစ်)

၎။ တိုနီခရူးစ် (ရီးရဲလ်မက်ဒရစ်)

၅။ မက်ဆီ (ဘာစီလိုနာ)

၆။ ဆွာရက်ဇ် (ဘာစီလိုနာ)

၇။ ဂရိဇ်မန်း (အသလက်တီကို)

၈။ ဘူဖွန် (ဂျူဗင်တပ်)

၉။ နူအာ (ဘိုင်ယန်မြူးနစ်)

၁၀။ မူလာ (ဘိုင်ယန်မြူးနစ်)

ှSource : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ