International: ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည့် ဒမ်ဘာဘာ ကစားသမားဘဝ အဆုံးသတ်ရဖွယ်ရှိ

တရုတ်စူပါလိဂ်မှာ ကစားရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

play

 

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းမှာ ကစားနေတဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဒမ်ဘာဘာဟာ ဒဏ်ရာ ရရှိသွားပြီးနောက် ဘောလုံးသမားဘဝကိုပါ စွန့်လွှတ်ရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးယှဉ်လုစဉ်မှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

play

 

လောလောဆယ် ဓာတ်မှန်ရိုက်က စစ်ဆေးချက်အရ နောက်ထပ် အနည်းဆုံး ရှစ်လလောက်အထိ ဘောလုံးကို လုံးဝ ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗီဒီယိုအနှေးပြကွက်တွေထဲမှာ မြင်ရတဲ့ ပုံစံအရ ပြိုင်ဘက်နဲ့ ထိခိုက်မိစဉ်မှာ ဒမ်ဘာဘာရဲ့ ခြေထောက်ဟာ ပြောင်းပြန်လည်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒမ်ဘာဘာကို ချက်ခြင်းဆေးရုံပို့ဆောင်ခဲ့ရကာ နောက်ထပ် လေးနာရီလောက်အထိ နာကျင်မှုကို မပြတ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ဓာတ်အမှန်အဖြေအရ ဒမ်ဘာဘာရဲ့ခြေထောက်ဟာ အရိုးကျိုးသွားခဲ့တာ တွေ့ရပါတယ်။ " ဒမ်ဘာဘာကို ဆုံးရှုံးရမယ့်အစား ကျွန်တော်အဲဒီပွဲကိုသာ ရှုံးလိုက်ချင်ပါတယ်။ အခုတော့ သူ့ရဲ့ကစားသမားဘဝ အဆုံးသတ်မလားတောင် မသိတော့ပါဘူး" လို့ အသင်းမန်နေဂျာ မန်ဇာနိုက ပြောပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ