International: ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနှင့် အသင်းဥက္ကဌ ပီရက်ဇ် ဆက်ဆံရေး မပြေမလည် ဖြစ်နေ

ကွင်းလယ်ကစားသမား အိုဒီဂတ်ကိစ္စကြောင့် ဇီဒန်းနဲ့ ပီရက်ဇ်တို့ ပြဿနာ ဖြစ်ပွားခဲ့ကြတာပါ။

play

 

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ ကလပ်အသင်းဥက္ကဌတို့အကြား ကစားသမား အိုဒီဂတ်ကြောင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီအကြို ခြေစမ်းပွဲစဉ် ခရီးမှာ ကွင်းလယ်ကစားသမား အိုဒီဂတ်ကို အသင်းဥက္ကဌ ပီရက်ဇ်က ထည့်သွင်းပါဝင်စေချင်ပေမယ့် နည်းပြဇီဒန်းက မထည့်သွင်းချင်တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ပီရက်ဇ်ကိုသြဇာကို မလွန်ဆန်နိုင်တာကြောင့် နောက်ဆုံးမှာ ဇီဒန်းက အိုဒီဂတ်ကို ကနေဒါခြေစမ်းပွဲခရီးစဉ် လူစာရင်းမှာ ထည့်သွင်းခေါ်ဆောင်သွားခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်က လာမယ့်ဘောလုံးရာသီမစတင်ခင်မှာ လူငယ်ကစားသမား အိုဒီဂတ်ကို အငှားချဖို့  ဒါမှမဟုတ် ရောင်းချဖို့ အစီအစဉ်ရှိနေတာကြောင့် အခုခြေစမ်းပွဲ ခရီးစဉ်မှာ ထည့်သွင်းကစားစေချင်နေတာ ဖြစ်ပါတယ်။

play

 

အိုဒီဂတ်ကို အခြားအသင်းတစ်သင်းထံ အငှားပြန်ချဖို့ ဇီဒန်းဘက်ကလည်း သဘောတူထားပေမယ့် အသင်းရဲ့ ပထမအသင်းလူစာရင်းမှာတော့ မထည့်သွင်းချင်တဲ့အတွက် ဥက္ကဌပီရက်ဇ်နဲ့ ဆက်ဆံရေး ကတောက်ကဆ ဖြစ်ခဲ့တာပါ။ အိုဒီဂတ်ကို ဘွန်ဒက်စ်လီဂါအသင်းအချို့နဲ့ လီဗာပူးက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ