International: ဒဏ်ရာပြင်းပေမဲ့ ကစားသမားဘဝက အနားယူမှာမဟုတ်ဘူးလို့ ဒမ်ဘာဘာပြော

, updated

ဗီဒီယိုအနှေးပြကွက်တွေထဲမှာ မြင်ရတဲ့ ပုံစံအရ ပြိုင်ဘက်နဲ့ ထိခိုက်မိစဉ်မှာ ဒမ်ဘာဘာရဲ့ ခြေထောက်ဟာ ပြောင်းပြန်လည်ထွက်သွားခဲ့တာဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ကစားသမားဟောင်း ဒမ်ဘာဘာရဲ့ ခြေသလုံးရိုးဒဏ်ရာဟာ အနာဂတ်မှာ ဘောလုံးကစားဖို့ မလွယ်ကူတော့တဲ့အထိ ပြင်းထန်ပေမဲ့ ကစားသမားဘဝကနေ အနားယူမှာမဟုတ်ဘူးလို့  သူကပြောပါတယ်။ ရှန်ဟိုင်း ရှင်ဟွာအသင်းမှာ ကစားနေတဲ့  ဒမ်ဘာဘာဟာ ပြိုင်ဘက်အသင်းကစားသမားနဲ့ ဘောလုံးကိုယှဉ်လုစဉ်မှာ ထိခိုက်မိရာက ဘယ်ဘက်ဒူးအောက်ပိုင်းမှာ အပြင်းအထန်ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

play

 

" ဒီဒဏ်ရာကတော့ အတော်ကိုဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြန်ကောင်းလာမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝကနေလည်း အနားယူသွားမှာမဟုတ်ဘူး။ အဲတာတော့သေချာတယ်" လို့ အသက် ၃၁ နှစ်ရှိ ချယ်လ်ဆီးကစားသမားဟောင်းက ပြောပါတယ်။

play

 

လက်ရှိကျင်းပပြုလုပ်နေတဲ့ တရုတ်စူပါလိဂ်ပွဲစဉ်တွေဟာ ယခုနှစ် နိုဝင်ဘာမှာ ပြီးဆုံးမှာဖြစ်ပြီး လာမယ့်နှစ် မတ်လမှာ ရာသီသစ် ပြန်လည်စတင်မှာဖြစ်ပါတယ်။ ရာသီသစ်မှာ ပြန်ကစားနိုင်ဖို့ အကောာင်းဆုံးကြိုးစားသွားမယ်လို့လည်း ဒမ်ဘာဘာက ဆိုပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ