International: မက်ဆီနဲ့ တွေ့ရဖို့ ၁ ကီလိုမီတာ ရေကူးလာခဲ့သူ

မက်ဆီက ရွက်လှေပေါ် ဖိတ်ခေါ်ပြီး ဓာတ်ပုံအတူရိုက်ကာ စကားလက်ဆုံပြောခဲ့ပါသေးတယ်။

play

 

ဇိမ်ခံရွက်လှေပေါ်မှာ မိသားစုနဲ့ အပန်းဖြေနေတဲ့ ဘာစီလိုနာကြယ်ပွင့်ကစားသမား မက်ဆီကို တွေ့ရဖို့ ပရိသတ်တစ်ဦးဟာ ၁ ကီလီိုမီတာလောက် ရေကူးပြီး အရောက်သွားခဲ့တယ်လို့ သိရပါတယ်။ သဘောကောင်းတဲ့ မက်ဆီက အဆိုပါပရိသတ်ကို သူ့ရဲ့ ရွက်လှေပေါ်ဖိတ်ခေါ်ပြီး ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကြောင်း စပိန်သတင်းဌာနအချို့က ဖော်ပြကြပါတယ်။

play

 

မက်ဆီက ဘောလုံးရာသီသစ်မစခင် စပိန်နိုင်ငံ အီဘစ်ဇာကျွန်းမှာ အပန်းခြေနေတာဖြစ်ပြီး စပိန်ပရိသတ်တစ်ဦးဖြစ်တဲ့ ဆူလီကလည်း အဲဒီအပန်းဖြေစခန်းကို ရောက်ရှိနေခဲ့တာပါ။ ကမ်းခြေအနီး ပင်လယ်ပြင်ထဲက ဇိမ်ခံရွက်လေတစ်စီးကဟာ မက်ဆီရဲ့ ရွက်လေဆိုတာ သိလိုက်ရပြီးနောက် ဘောလုံးပရိသတ်ဆူလီဟာ ၁ ကီလိုမီတာလောက် ရှိတဲ့ အကွာအဝေးကို ရေကူးပြီး အရောက်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

ထူးခြားတာက မက်ဆီထံကို အရောက်သွားခဲ့တဲ့ ပရိသတ်ဟာ အသလက်တီကို အမာခံ ပရိသတ်ဖြစ်နေပါတယ်။ ရွက်လေအနီး ရောက်လာတဲ့ ဆူလီကို မက်ဆီက မြင်သွားပြီးနောက် ရွက်လှေပေါ် ဖိတ်ခေါ်ကာ ဓာတ်ပုံအတူ ရိုက်ခဲ့တာဖြစ်ပါတယ်။ ဆူလီရဲ့ ကသူငယ်ချင်းတွေက ဒီအကွာအဝေးကို ရေကူးပြီးမသွားပဲ ကမ်းခြေမှာ နေခဲ့ကြပေမယ့် ဆူလီကတော့ ရောက်အောင်သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရောက်လာခဲ့တာပါ။

ဓာတ်ပုံအတူရိုက်ခဲ့ရုံတင်မကပဲ အဆိုပါပရိသတ်ကို မက်ဆီက ဖျော်ရည်နဲ့ဧည့်ခံပြီး စကားလက်ဆုံ ပြောခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ