International: အင်္ဂလန်နည်းပြဖြစ်တော့မည့် ဆမ်အလာဒိုက်နေရာတွင် မိုယက်စ်နှင့်အစားထိုးရန် ဆန်းဒါးလန်းစီစဉ်

ဆမ်အလာဒိုက်က အင်္ဂလန်နည်းပြဖြစ်လာဖို့ အနီးစပ်ဆုံး နည်းပြဖြစ်နေပါတယ်။

 

ဆန်းဒါးလန်းအသင်းနည်းပြ ဆမ်အလာဒိုက်ကို အင်္ဂလန်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ နည်းစပ်နေတဲ့အတွက် ဆန်းဒါးလန်းက မန်ယူအသင်းနည်းပြဟောင်း မိုယက်စ်ကိုခေါ်ယူပြင်ဆင်နေကြောင်း သိရပါတယ်။

ယခင်အင်္ဂလန်အသင်းနည်းပြဟောင်း ရွိုင်းဟော့ဆန်ရဲ့ နေရာကို ဆက်ခံဖို့အတွက် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ဆမ်အလာဒိုက်နဲ့ ခေါ်ယူဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နည်းပြလက်မဲ့ဖြစ်နေတဲ့ ဆမ်အလာဒိုက်ကို ရုတ်တရက်ခေါ်ယူဖို့  ကြိုးစားနေတဲ့အတွက် ဆန်းဒါးလန်းအသင်းဟာ လာမယ့်ရာသီသစ်အတွက် နည်းပြတစ်ဦး အလျှင်အမြန်ရှာဖို့ ကြိုးစားနေရတာပါ။

 

စပိန်ကလပ် ဆိုစီဒက်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြမိုယက်စ်ကို ဆမ်အလာဒိုက်နေရာ အစားထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အက်ဖ်အေဘက်က ဆမ်အလာဒိုက်ကိုခေါ်ဖို့ သဘောတူညီမှု ရခဲ့ပြီဆိုရင် ဆန်းဒါးလန်းကလည်းမိုယက်စ်ကို ခန့်အပ်ကြောင်း အတည်ပြုဖွယ် ရှိနေပါတယ်။

Source : The SUn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ