International: ကမ္ဘာတစ်ဝန်း အရောင်းရဆုံး ဘောလုံးဂျာစီများ

, updated

အရောင်းရဆုံး ဘောလုံးသမား ဂျာစီ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ မန်ယူကစားသမား သုံးဦးအထိ ပါဝင်ခဲ့ပါတယ်။

play

 

ကျင်းပပြီးစီးသွားခဲ့တဲ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက မန်ယူအသင်းထက် အသင်းကစားသမား ဂျာစီပိုမိုရောင်းကောင်းခဲ့ကြောင်း သိရပါတယ်။ အသင်းက တရားဝင်ရောင်းချတဲ့ ကမ္ဘာ့ဈေးကွက်အတွင်းမှာ ဂျာစီရောင်းအားအကောင်းဆုံး အသင်းက ဘာစီလိုနာဖြစ်ခဲ့ပါတယ်။

play

 

ဘာစီလိုနာ အသင်းက ကမ္ဘာ့တစ်ဝန်းမှာ စုစုပေါင်း အသင်းဂျာစီ ၃.၆ သန်းကျော် ရောင်းချခဲ့ရပြီး ဘိုင်ယန်မြူးနစ်က ၃.၃ သန်းကျော်ရောင်းချခဲ့ရပါတယ်။

ဥရောပကလပ်အသင်းတွေ ကြားထဲမှာတော့ ချယ်လ်ဆီးအသင်းက ဂျာစီရောင်းအားအကောင်းဆုံး နံပါတ် ၃ နေရာမှာရှိပြီး စုစုပေါင်း ၃.၁ သန်းကျော် ရောင်းချခဲ့ရပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နှစ်တစ်ရာသီလုံး ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရပြီး ၂.၉ သန်းကျော်သာ ရောင်းချခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ထပ် အသင်းဂျာစီရောင်းအားအကောင်းဆုံး အသင်းက အာဆင်နယ်ဖြစ်ပါတယ်။ အသင်းတွေအားလုံးထဲမှာတော့ ဂျာစီအရောင်းရဆုံး အဆင့်-၇ နေရာမှာ ရှိပါတယ်။

play

 

ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ ဘောလုံးသမားတွေရဲ့ ဂျာစီကတော့ နံပါတ်-၁ နေရာမှာ မက်ဆီ၊ နံပါတ်-၂ နေရာမှာ ရော်နယ်ဒို၊ နံပါတ်-၃ နေရာမှာ မန်ယူတိုက်စစ်မှူး မာရှယ်တို့ ဖြစ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ