International: ကမ္ဘာတစ်လွှား ဖြန့်ကျက် ကျင်းပတဲ့ အင်တာနေရှင်နယ်ချန်ပီယံများ ဖလား

မန်ယူ၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ စတဲ့အသင်းကြီးတွေအားလုံး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

play

 

ဥရောပ ဘောလုံးရာသီ မစတင်ခင် ထိပ်သီးအသင်းအများအပြား ပါဝင်တဲ့ အင်တာနေရှင်နယ် ချန်ပီယံများ ဖလားပြိုင်ပွဲ ကျင်းပမယ့် ကာလကို ရောက်လာပြန်ပါပြီ။ အခြားပြိုင်ပွဲတွေလို မဟုတ်ပဲ အသင်းကြီးတွေရဲ့ ပြိုင်ဆိုင်မှုကို ရာသီမစခင် တွေ့ရတာကြောင့် ပရိသတ်တွေလည်း နှစ်သက်ကြတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

အခု ကျင်းပနေပြီဖြစ်တဲ့ အင်တာနေရှင်နယ်ချန်ပီယံများဖလား ပြိုင်ပွဲအကြောင်း သိထားသင့်သမျှကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဘယ်တော့စမလဲ

play

 

ဇူလိုင် ၂၂ ရက်နေ့က စတင်ကျင်းပမှာ ဖြစ်ပြီးလာမယ့် သြဂုတ်လ ၁၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် အသင်းတွေရဲ့ နောက်ဆုံးပွဲစဉ်ကတော့ သြဂုတ်လ ၃ ရက်နေ့မှာ ပြီးဆုံးမှာပါ။

၂။ ဘယ်မှာ ကစားမလဲ

play

 

အင်တာနေရှင်နယ် ချန်ပီယံများဖလားကို ကမ္ဘာအနှံ့ အဓိက ဒေသလေးခုခွဲပြီး ပြုလုပ်လျှက်ရှိပါတယ်။ ဥရောပနဲ့ အမေရိက၊ အင်္ဂလန်နဲ့ တရုတ်မှာ ပွဲစဉ်တွေကို ခွဲပြီးကျင်းပသွားမှာ ဖြစ်ပါတယ်။

၃။ ဘယ်အသင်းတွေ ဘယ်မှာ ကစားမလဲ

play

 

ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ လီဗာပူး၊ အင်တာမီလန်၊ ဆဲလ်တစ်၊ ဘာစီလိုနာ၊ လက်စတာ၊ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့က ဥရောပ၊ အမေရိကမှာ ကစားကြမှာပါ။

သြစတြေးလျမှာ အလသက်တီကို၊ စပါး၊ မဲလ်ဘုန်းဗစ်ထရီတို့ ကစားကြမှာ ဖြစ်ပြီး မန်ယူ၊ မန်စီးတီး၊ ဒေါ့မွန်တို့က တရုတ်မှာ ကစားကြမှာပါ။

၎။ ဘယ်လို ချန်ပီယံဖြစ်မလဲ

play

 

အမှတ်နဲ့ ဆုံးဖြတ်တဲ့ ချန်ပီယံဖလား ဖြစ်ပါတယ်။ သရေကျမယ်ဆိုရင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရပါတယ်။ ဒေသတူညီနေတဲ့ အသင်းတွေအချင်းချင်း ပတ်လည်ကစားကြတဲ့ စနစ်ပါ။ ဥပမာ တရုတ်မှာ ရောက်နေတဲ့ ဒေါ့မွန်၊ မန်ယူ၊ မန်စီးတီး အသင်းတွေဆိုရင် ပတ်လည်ကစားကြမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ