International: ရော်နယ်ဒိုမွေးရပ်မြေရှိ လေဆိပ်ကို ရော်နယ်ဒို လေဆိပ်ဟု အမည်ပြောင်းလဲမည်

, updated

ရော်နယ်ဒိုကို နိုင်ငံတော်အဆင့် ဂုဏ်ပြုတဲ့အနေနဲ့ လေဆိပ်ကို ရော်နယ်ဒိုရဲ့အမည်ပြောင်းလဲ မည့်ခေါ်တာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ မွေးရပ်မြေ မက်ဒေးရီးယားဒေသမှာရှိတဲ့ အဓိကလေဆိပ်ဖြစ်တဲ့ မက်ဒေးရီးယားလေဆိပ်ကို ရော်နယ်ဒိုရဲ့ အမည်ပြောင်းလဲ မည့်ခေါ်သွားမယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ လေဆိပ်ကို ရော်နယ်ဒိုအမည် ပြောင်းလဲမယ့်အကြောင်း ပေါ်တူဂီသမ္မတ မီဂွဲလ်က အတည်ပြုပေးပြီးပြီ ဖြစ်ပါတယ်။

play

 

မက်ဒေးရီးယားဒေသက ဖွန်ချယ်အရပ်မှာ ရော်နယ်ဒိုရဲ့ ကြေးရုပ်တုလည်း ရှိထားပြီဖြစ်သလို သူ့ရဲ့အမည်နဲ့ ဟိုတယ်တစ်ခုလည်း ရှိထားပြီး ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကို ဥရောပချန်ပီယံဖြစ်အောင် စွမ်းဆောင်ရာမှာ အဓိကကျခဲ့တဲ့ ရော်နယ်ဒိုကို နိုင်ငံတော်အဆင့် ဂုဏ်ပြုမှုအနေနဲ့ လေဆိပ်ကို ရော်နယ်ဒိုလေဆိပ်လို့ ပြောင်းလဲ ခေါ်ဆိုတော့မှာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် မက်ဒေးရီးယားဒေသမှာပဲ ရော်နယ်ဒိုအတွက် ပြတိုက်တစ်ခုလည်း တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ