International: ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမား စာရင်းတွင် ရော်နယ်ဒို အဆင့်-၃ ချိတ်

ရော်နယ်ဒိုထက် ပိုပြီး တန်ကြေးရှိတဲ့ ကစားသမားနှစ်ဦး ရှိနေပါတယ်။

play

 

ဘောလုံးအားကစားဆိုင်ရာ အချက်အလက်တွေကို စုစည်းလေ့လာတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ CIES က ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

play

 

ဘာစီလိုနာအသင်းကြယ်ပွင့် ကစားသမား မက်ဆီက တန်ဖိုးအရှိဆုံး ကစားသမားစာရင်း ထိပ်ဆုံးမှာ နေရာယူထားပြီး မက်ဆီရဲ့နောက်မှာ ဒုတိယတန်ဖိုးအရှိဆုံး ကစားသမားက ဘာစီလိုနာအသင်းဖော် နေမာဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့ လက်ရှိတန်ကြေးက ပေါင် ၁၆၃ သန်းခန့်ရှိတယ်လို့ တွက်ချက်ထားပြီး နေမာကတော့ ပေါင် ၁၅၅ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

play

 

မကြာသေးခင်ကမှ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကတော့ တန်ဖိုးအရှိဆုံး ကစားသမား စာရင်းမှာ တတိယနေရာသာရှိပြီး တန်ကြေး ပေါင် ၁၀၆ သန်းရှိတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုပြီးရင် အသလက်တီကို ကစားသမား ဂရိဇ်မန်းက တန်ဖိုးအရှိဆုံးလို့ ဆိုပြီး အဲဒီနောက်မှာ ပရီးမီးယားလိဂ် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်း ကပ်လိုက်နေပါတယ်။

play

 

ဒီစာရင်းဟာ ကစားသမားတွေရဲ့ခြေစွမ်းတစ်ခုတည်းကို ထည့်သွင်းတွက်ချက်တာ မဟုတ်ပါဘူး။ လက်ရှိကစားနေတဲ့အသင်း၊ ခြေစွမ်း၊ အသက်အရွယ်နဲ့ လက်ရှိစာချုပ်တန်ကြေးပါ အချက်အလက်တွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမား ၁၀ ဦး

မက်ဆီ - ၁၆၃ သန်း

နေမာ - ၁၅၅ သန်း

ရော်နယ်ဒို - ၁၀၆ သန်း

ဂရိဇ်မန်း - ၉၃ သန်း

ဟယ်ရီကိန်း - ၈၇ သန်း

မာရှယ် - ၈၆ သန်း

ဆွာရက်ဇ် - ၈၁ သန်း

ဒိုင်ဘာလာ - ၈၀ သန်း

အဂူရို - ၇၅ သန်း

ပေါ့ဂ်ဘာ - ၇၀ သန်း

စတာလင်ပေါင်ဖြင့် တွက်ချက်ဖော်ပြထားပါသည်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ