International: ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းများ စာရင်းကို ထုတ်ပြန်

ပရီးမီးယားလိဂ် အသင်းတွေထဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိလူစာရင်းက တန်ဖိုးအရှိဆုံး ဖြစ်ပါတယ်။

play

 

ဘောလုံးအသင်းတွေ ပိုင်ဆိုင်ထားတဲ့ လက်ရှိလူစာရင်းနဲ့ ဈေးကွက်တန်ကြေးတွေကို ပေါင်းစပ်တွက်ချက်မှုအရ ကမ္ဘာ့တန်ကြေးအရှိဆုံး ဘောလုံးအသင်းဟာ ရီးရဲလ်မက်ဒရစ်ဖြစ်နေပါတယ်။ ဈေးကွက်စောင့်ကြည့်လေ့လာရေး အဖွဲ့ Transfermarket ရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေတန်ကြေးစုစုပေါင်းက စတာလင်ပေါင် ၆၆၅.၈၁ သန်းရှိတယ်လို့ သိရပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းနောက်မှာ ဘာစီလိုနာရဲ့ လူစာရင်းက ဒုတိယတန်ကြေးအရှိဆုံး ဖြစ်ပြီး စုစုပေါင်း ၆၅.၇၈ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ စပိန်ထိပ်သီးအသင်းနှစ်သင်းပြီးရင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားစုစုပေါင်း တန်ကြေးက ကမ္ဘာမှာ တတိယတန်ကြေးအရှိဆုံး အဖြစ် တွက်ချက်ခံထားရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ကစားသမား တွေတန်ကြေးက စတာလင်ပေါင် ၄၈၈.၅၀ သန်းရှိတယ်လို့ သိရပါတယ်။

play

 

ဒီအသင်းတွေပြီးရင်တော့ ပရီးမီးယားလိဂ်က ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းက အဆင့် ၄ နဲ့ ၅ နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့တဲ့ အသလက်တီကိုအသင်းက တန်ကြေးအရှိဆုံး အသင်းတွေရဲ့ အဆင့်-၆ နေရာမှာ ရှိပါတယ်။

play

 

တန်ကြေးအရှိဆုံး ထိပ်သီးဘောလုံး ၁၀ သင်းစာရင်းမှာ စပိန်ကလပ် သုံးသင်း၊ ပရီးမီးယားလိဂ်ကလပ် လေးသင်း ပါဝင်ကာ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့လည်း ပါဝင်ခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ