International: တတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ဟီဂူအင် ဂျူဗင်တပ်ကိုရောက်

ဂျူဗင်တပ်က ဟီဂူအင်ကို ပေါင်စတာလင် ၇၅.၃ သန်းဖြင့် စာချုပ်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play
ဂွန်ဇာလို ဟီဂူအင်။


နာပိုလီတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ကို ဂျူဗင်တပ်က စာချုပ်ခေါ်ယူလိုက်ပြီလို့ ဆိုပါတယ်။ ယခင်ကတည်းက ဟီဂူအင်ဟာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်က ဟီဂူအင်ကို ပေါင်စတာလင် ၇၅.၃ သန်းဖြင့် စာချုပ်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

play


အသက် ၂၈ နှစ်အရွယ် ဟီဂူအင်အတွက် ပြောင်းရွှေ့ကြေးမှာ အီတလီပြည်တွင်း ကလပ်အသင်းကြား ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး ကမ္ဘာမှာ တတိယ ဈေးအကြီးဆုံး ကစားသမား ပြောင်းရွှေ့ကြေးလည်း ဖြစ်လာခဲ့ပါတယ်။

play
ဂါရတ်ဘေးလ်။


၂၀၁၃ ခုနှစ်က ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်က ပေါင်စတာလင် ၈၆ သန်းဖြင့် ခေါ်ယူမှုနဲ့ ၂၀၀၉ ခုနှစ်က ခရစ္စတီယာနို ရော်နယ်ဒိုကို ရီးရဲလ်ကပင် ပေါင်စတာလင် သန်း ၈၀ ဖြင့် ခေါ်ယူခဲ့မှုတို့က ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား ပြောင်းရွှေ့ကြေးများအဖြစ် ထိပ်ဆုံးနှစ်နေရာမှာ ရပ်တည်နေပါတယ်။

play
ခရစ္စတီယာနို ရော်နယ်ဒို


ဟီဂူအင် ရောက်ရှိလာမှုကြောင့် ဂျူဗင်တပ်က ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်ထံ ရောင်းချသွားနိုင်ခြေ ပိုများလာကြောင်းလည်း သုံးသပ်ကြပါတယ်။

play
ပေါ့ဂ်ဘာ


အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဟာ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၃၄.၅ သန်းဖြင့် ရီးရဲလ်မက်ဒရစ်မှ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဟီဂူအင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နာပိုလီအတွက် ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။ ဟီဂူအင်ကို အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သေးကြောင်း သိရပါတယ်။
Source & Photo: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ