International: ဗလန်စီယာ ကွင်းလယ်ဖန်တီးရှင် ဂိုမက်ဇ်ကို ဘာစီလိုနာ ခေါ်ယူ

ချယ်လ်ဆီးနဲ့ မန်ယူအသင်း ကမ်းလှမ်းချက်တွေကို ပယ်ချပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

play

 

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းက ယူရိုချန်ပီယံပေါ်တူဂီ လက်ရွေးစင် ကစားသမား ဂိုမက်ဇ်ကို ပေါင် ၄၁ သန်းနဲ့ ခေါ်ယူလိုက်ပြီးနောက် ပထမဆုံးအကြိမ် မိတ်ဆက်ပေးလိုက်ပါတယ်။ ဗလန်စီယာ ကစားသမားလည်းဖြစ်တဲ့ အန်ဒရေဂိုမက်ဇ်ဟာ ဘင်ဖီကာအသင်းမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဂိုမက်ဇ်ကို ဗလန်စီယာအသင်းထံ တစ်ရာသီအငှားချလိုက်ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ဂိုမက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ ဗလန်စီယာအသင်းအတွက် ပြိုင်ပွဲစုံ ငါးဂိုးသွင်းယူပေးထားခဲ့သူ ဖြစ်ပါတယ်။ ဂိုမက်ဇ်ကို ဘာစီလိုနာနဲ့အပြိုင် အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ကလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။

play

 

ဘာစီလိုနာအသင်းမှာ သင်ယူစရာရှိတွော အဆက်မပြတ်လေ့လာသင်ယူသွားမှာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းအောင် တက်နိုင်သလောက် ကူညီသွာမယ်လို့ ဂိုမက်ဇ်က ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ