International: ဂျနီဖာလိုပက်ဇ် နဲ့ လက်စ်ဗီးဂတ်စ်မှာ ပါတီပွဲ နွှဲခဲ့တဲ့ ရော်နယ်ဒို

ဒဏ်ရာမပျောက်သေးတဲ့ ရော်နယ်ဒိုက အားလပ်ရက်ခရီးတွေ ထွက်နေတုန်း ဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ပြီးနောက် အားလပ်ရက်ရှည်ယူပြီး အပန်းဖြေနေဆဲဖြစ်တဲ့ ရော်နယ်ဒိုက ဂျနီဖာလိုပက်ဇ်ရဲ့ ဖျော်ဖြေပွဲကိုသွားရောက်ခဲ့တဲ့အပြင် ပါတီပွဲပါ အတူနွှဲခဲ့ကြသေးကြောင်း သိရပါတယ်။

play

 

လက်စ်ဗီးဂတ်စ်မှာ လုပ်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ ဖျော်ဖြေပွဲမှာ ရော်နယ်ဒို လာရောက်အားပေးတာတွေ့ရပြီး အထူးဧည့်သည်တွေ အားပေးနေကြတဲ့ နေရာမှာ ကင်ကာဒါရှီရန်တို့လည်း ရှိနေခဲ့တာတွေ့ရပါတယ်။

play

ဖျော်ဖြေပွဲပြီးဆုံးပြီးနောက် Caesars Palace မှာ ပြုလုပ်တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ မွေးနေ့ပါတီကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂျနီဖာလိုပက်ဇ်နဲ့ ရော်နယ်ဒိုတို့ ဆယ်ဖီအတူတွဲရိုက်နေတဲ့ ဓာတ်ပုံတွေအပြင် အခြားသော အနုပညာအသိုင်းအဝိုင်းကလူတွေလည်း များစွာ ပါဝင်ခဲ့ပါတယ်။

play

 

ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရပြီးတဲ့နောက် ရော်နယ်ဒိုကသူ့ရဲ့ အားလပ်ရက်တွေကို အချိန်ထပ်ယူထားပြီး ခရီးတွေဆက်တိုက် ထွက်လျှက်ရှိပါတယ်။ ဂျနီဖာလိုပက်ဇ်နဲ့မတွေ့ခင်ကလည်း အိုင်ယာလန် တိုက်ခိုက်ရေးသမား မက်ဂရီဂါနဲ့ တွေ့ဆုံပြီး ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ