International: ဖာဘရီဂတ်စ် အထုတ်ခံရသော်လည်း လီဗာပူးကို ချယ်လ်ဆီးအနိုင်ရ

ယနေ့မနက် ကယ်လီဖိုးနီးယားမှာ ကစားခဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံများဖလား ဖြစ်ပါတယ်။

play

 

ယနေ့မနက် ကယ်လီဖိုးနီးမှာ ကျင်းပခဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံများဖလား ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက လီဗာပူးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဘက်က ဖာဘဂရီဂတ်စ် အနီကတ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ရတဲ့ အနိုင်ဂိုးကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

play

 

ပွဲစပြီး ၁၀ မိနစ်မှာတင်  ချယ်လ်ဆီးအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး ဖာဘရီဂတ်စ်ကန်တင်လိုက်တဲ့ ဘောလုံးကို နောက်ခံကစားသမား ကာဟေးလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မိနစ် ၂၀ ကျော်ကစလို့ လီဗာပူးအသင်းက ချယ်လ်ဆီးဘက်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့တဲ့အပြင် ၃၅ မိနစ်မှာ ဖာမီနိုသွင်းယူတဲ့ဂိုး လူကျွံနေလို့ ဒိုင်က ခွင့်မပြုခဲ့ပါဘူး။

play

 

ဒုတိပိုင်းမှာ ချယ်လ်ဆီးအသင်းဘက်က ကစားသမားသစ် ဘက်ရွှာရီအပါအဝင် ကွာဒွါဒို၊ ပက်ဒရိုတို့ဝင်ရောက်လာပြီး လီဗာပူးဘက်ကလည်း မာကိုဗစ်နဲ့ ဟန်ဒါဆင် အပါအဝင် ကစားသမား ၅ ဦးလောက်အထိ ဝင်လာခဲ့ပြန်ပါတယ်။ မိနစ် ၇၀ မှာ ပြိုင်ဘက်ကစားသမား ကလာဗန်ကို အဖျက်ကြမ်းခဲ့တဲ့ ဖာဘရီဂတ်စ်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

play

 

ချယ်လ်ဆီးပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးက ဦးဆောင်ထားပါတယ်။ အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်က ပွဲချိန်အတွင်း တစ်ဖက် သုံးဂိုးစီ သရေကျလို့ ပင်နယ်တီ ကန်ရာမှာ အေစီမီလန်အနိုင်ရခဲ့ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ