International: ပြင်သစ်ကြယ်ပွင့် ကစားသမား ပေါ့ဂ်ဘာအကြောင်း လူသိနည်းသည့် အချက် (၅) ချက်

မန်ယူအသင်းကို ရောက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ပေါ့ဂ်ဘာမှာ လူသိနည်းတဲ့ အကြောင်းအရာ အချို့ရှိပါတယ်။

play

 

ယခုရက်ပိုင်း ဥရောထိပ်သီး ဘောလုံးအသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေအကြား အလှုပ်ခတ်ဆုံး သတင်းက မန်ယူနဲ့ ပေါ့ဂ်ဘာရဲ့ သတင်းဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရတော့ မန်ယူနဲ့ ဂျူဗင်တပ်အကြား ပေါ့ဂ်ဘာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရပြီလို့တောင် ဆိုပါတယ်။

ရာသီသစ်မစခင်မှာ မန်ယူကစားသမား ဖြစ်လာဖို့ နီးစပ်နေတဲ့ ပေါ့ဂ်ဘာအကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ အမည်ပြောင်

play

 

ပေါ်လ်ပေါ့ဂ်ဘာလို့ ခေါ်တဲ့ ဂျူဗင်တပ် ကစားသမားမှာ နာမည်ပြောင် တစ်ခုရှိပါတယ်။ သူ့ဆီမှာ ရှည်လျားတဲ့ ခြေချောင်းတွေ ရှိနေတာကြောင့် သူ့ကို ရေဘဝဲ ပေါ့ဂ်ဘာလို့ ခင်မင်သူတွေက ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။

၂။ အမြွှာညီအစ်ကို

play

 

မိသားစုထဲ သူ့အထက်မှာ အစ်ကိုနှစ်ဦးရှိပါတယ်။ အဲဒီပေါ့ဂ်ဘာ ညီအစ်ကိုနှစ်ဦးက အမြွှာတွေဖြစ်ပြီး ဘောလုံးသမားတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာလို အောင်မြင်မှု မရခဲ့ပါဘူး။

၃။ မအောင်မြင်သေးခင် ဘဝ

play

 

မန်ယူအသင်းက ပေါ့ဂ်ဘာကို ပြင်သစ်အသင်းငယ်လေး လီဟေဗာထံကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မန်ယူဟာ ပေါ့ဂ်ဘာကို ဝယ်ယူသွားတာမဟုတ်ပဲ ခိုးယူသွားတာဖြစ်တယ်လို့ လီဟေဗာအသင်းဥက္ကဌက စွပ်စွဲခဲ့ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ပေါ့ဂ်ဘာအတွက် မန်ယူက ပေါင် ရှစ်သောင်းကျော်အကုန်ကျခံခဲ့တဲ့အပြင် အိမ်တစ်လုံးလည်း ဝယ်ပေးခဲ့တယ်လို့ သိရပါတယ်။

၎။ ဆုတံဆိပ် များ

play

 

၂၀၁၃ ခုနှစ်တုန်းက ဥရောပအကောင်းဆုံး ယူ-၂၁ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးပါတယ်။ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်အသင်းကို ဦးဆောင်ပြီး ဖလားယူနိုင်ခဲ့ပါတယ်။

၅။ ဖာဂူဆန်မှတ်ချက်

play

 

ပေါ့ဂ်ဘာဟာ မနှစ်မြို့စရာ ကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ ဖာဂူဆန်က ဝေဖန်ခဲ့ဖူးပါတယ်။ ဖာဂူဆန်လက်အောက်မှာပဲ ပေါ့ဂ်ဘာကို မန်ယူအသင်းထံ ခေါ်ခဲ့ပေမယ့် နည်းပြတွေအပေါ် မလေးမစား လုပ်တယ်ဆိုပြီး ဖာဂူဆန်က ပွဲထွက်ခွင့်မပေးပဲ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

Source : Givemesport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ