International: ဆွာရက်ဇ်ကို ဂုဏ်ပြုထုလုပ်သည့် ရုပ်တု ရုပ်ဆိုးနေသဖြင့် လှောင်ပြောင်ခံရ

, updated

ဆွာရက်ဇ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးရပ်မြေ ဥရုဂွေးမှာ ပုံတုရုပ်တု ထုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ဂုဏ်ပြုပြီး သူ့ရဲ့မွေးရပ်မြေမှာ ထုလုပ်ထားတဲ့ ရုပ်တုဟာ ရုပ်ဆိုးတဲ့အတွက် ပရိသတ်တွေက မကျေမနပ် ဖြစ်လျှက်ရှိနေပါတယ်။

play

 

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ရုပ်တုကို ဥရုဂွေးနိုင်ငံ ဆာလ်တိုမြို့အတွင်းမှာ ထုလုပ်ပြသထားတာ ဖြစ်ပြီး ဥရုဂွေးလက်ရွေးစင် အင်္ကျီကို ဝတ်ဆင်ထားစေတာ တွေ့ရပါတယ်။ ဒီရုပ်တုကို ပန်းပုပညာရှင် အယ်လ်ဘာတိုဆာရာဗီးယားက ဖန်တီးခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးအောင်ပွဲခံနေချိန်မှာ လက်တစ်ဖက်မြှောက်ထားတဲ့ ဟန်ပန်ဖြစ်ပါတယ်။

play

 

ဂုဏ်ပြုရုပ်တုနဲ့ အပြင်က ဆွာရက်ဇ်မတူတာကို ပန်းပုပညာရှင် ဆာရာဗီးယားကလည်း ဝန်ခံခဲ့ပြီး သူဟာ တစ်ခါမှ ဆွာရက်ဇ်ကို အပြင်မှာ မတွေ့ဖူးဘူးလို့ ပြောပါတယ်။ ဆွာရက်ဇ်ရဲ့ ဓာတ်ပုံကို ကြည့်ပြီး ပန်းပုဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အရင်ကလည်း မက်ဆီအတွက် ဂုဏ်ပြုရုပ်တု တစ်ခုဟာ ဒီလိုပဲ မက်ဆီနဲ့မတူပဲ ရုပ်ဆိုးခဲ့လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ