International: အာဂျင်တီးနားအတွက် မက်ဆီ လုံးဝ ပြန်ကစားပေးတော့မည် မဟုတ်

လက်ရွေးစင်ဘဝက အနားယူမယ့် ဆုံးဖြတ်ချက်ကို မက်ဆီပြန်ပြင်မယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

play

 

အာဂျင်တီးအား လက်ရွေးစင်အသင်းကနေ အနားယူသွားပြီလို့ ကြေညာထားတဲ့ မက်ဆီက အသင်းအတွက် ဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်ဖွယ် မရှိတော့ဘူးလို့ သူ့ရဲ့ မိသားစုက ပြောကြားလိုက်ပါတယ်။

မက်ဆီအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး လာမယ့်ပြိုင်ပွဲတွေမှာ ပြန်ကစားပေးဖို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်ထားပေမယ့် ဒီလို ဖြစ်လာနိုင်ဖွယ် မရှိတော့ဘူးလို့ Goal.com သတင်းဌာနက ဖော်ပြပါတယ်။ " လက်ရှိအချိန်မှာတော့ မက်ဆီက အာဂျင်တီးနား ဘောလုံးအသင်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ပါဘူး" လို့ မိသားစုဝင်တစ်ဦးက ပြောလိုက်ပါတယ်။

play

 

ချီလီအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲပြီးနောက် ချန်ပီယံဖြစ်ခွင့်ကိုပါ လက်လွှတ်ရပြီးနောက်ပိုင်း လက်ရွေးစင်ဘဝကအနားယူဖို့ ဆုံးဖြတ်ချက်ကို မက်ဆီချလိုက်တာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ အာဂျင်တီးနား အသင်းက ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ