International: အမေရိက ခြေစမ်းပွဲ ခရီးစဉ်မှာ အာဆင်နယ် နိုင်ပွဲတွေဆက်

အာဆင်နယ်အသင်းအတွက် ကစားသမားသစ် ရှာခါ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။

play

 

ကယ်လီဖိုးနီးယားမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အာဆင်နယ်အသင်းက မက္ကဆီကိုကလပ် ရှီးဗက်စ်ဒီဂွါဒလာဂျာရာ အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ရော့ဟိုးလ်ဒင်း၊ ချိန်ဘာလလိန်နဲ့ ရှုဘာအက်ပွန်တို့ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် ခေါ်ယူထားတဲ့ ကစားသမားသစ် ရှာခါ ပထမဆုံး ပွဲထွက်လာတာလည်း တွေ့ရပါတယ်။ ပွဲစပြီး ၃၄ မိနစ်မှာတင် အာဆင်နယ်အသင်းအတွက်ဂိုးကိုနောက်ခံလူ ဟိုးလ်ဒင်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း ပြန်စပြီး ငါးမိနစ်အကြာမှာ ချိန်ဘာလိန်က ဒုတိယဂိုးထပ်သွင်းခဲ့ပြန်ပါတယ်။

play

 

အာဆင်နယ် သုံးဂိုးသွင်းပြီးသွားတဲ့အချိန်ရောက်မှသာ ၇၄ မိနစ်မှာ ရှီးဗက်စ်အသင်းက ပင်နယ်တီနဲ့ တစ်ဂိုးပြန်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ မေဂျာလိဂ်လက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲမှာလည်း အာဆင်နယ်အသင်းက ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ