International: ပရိသတ်တွေနဲ့ ဘောလုံးသမားတွေ ထိုးကြိတ်ခဲ့တဲ့ အာဂျင်တီးနား ဘောလုံးပွဲ

, updated

ပြိုင်ဘက် ပရိသတ်တွေနဲ့ ရှုံးနိမ့်သူ ဘောလုံးအသင်းက ကစားသမားတွေ ထိုးကြိတ်သတ်ပုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အာဂျင်တီးနား အောက်တန်းအမှတ်ပေးလိဂ်ပြိုင်ပွဲတစ်ခုမှာ ဘယ်လာဗစ်တာအသင်းက တီရိုဖက်ဒရယ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေနဲ့ ဘောလုံးသမားတွေအကြား အကြီးအကျယ် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပွဲအပြီးမှာ ဘယ်လာဗစ်တာ အသင်းက ဖလားရခဲ့တာကြောင့် ပွဲအပြီး နှစ်ဖက်အသင်းကစားသမားတွေနဲ့ ပရိသတ်တွေ ပြိုင်ဆိုင်မှုဟာ ပြင်းထန်ခဲ့ပါတယ်။

play

 

ကွင်းထဲအထိ ရောက်လာတဲ့ ပြိုင်ဘက်အသင်း ဘယ်လာဗစ်တာပရိသတ်အချို့နဲ့ တီရိုဖက်ဒရယ်အသင်း ကစားသမားတွေ အကြိတ်အနယ် ထိုးကြိတ်ခဲ့ကြတာပါ။ ဗီဒီယိုမှတ်တမ်းအရ မြက်ခင်းပေါ် လဲကျသွားတဲ့ ပရိသတ်တစ်ဦးကို တီရိုကစားသမားတစ်ဦးက မျက်နှာကို ပြေးပြီးကန်ခဲ့တာလည်း တွေ့ရပါတယ်။

play

 

အစပိုင်းမှာ ဘယ်လာဗစ်တာအသင်း ပရိသတ်တွေက အသင်းရဲ့အောင်ပွဲအတွက် အောင်ပွဲခံခဲ့ကြပေမဲ့ နောက်ပိုင်းမှာ တီရိုအသင်း ကစားသမားတွေကို တိုက်ခိုက်ဖို့အတွက် အာရုံရသွားကြပါတယ်။

play

 

အဲဒီနောက် ကွင်းထဲမှာ ဘယ်လာဗစ်တာပရိသတ်တွေများလာခဲ့တဲ့အတွက် တီရိုအသင်း ဘောလုံးသမားတွေဟာ ပုံမှန်ဥမင်ထဲက ပြန်မထွက်နိုင်ဘဲ သူတို့အသင်း ပရိသတ်တွေရှိရာဘက်က သံဇကာစည်းရိုးကို ဖောက်ဖြဲပြီး ထွက်ခွာခဲ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ