International: တင်းနစ်မယ်ဆရီနာဝီလျံက ကိုယ်လုံးအလှကိုထုတ်ဖော်ပြသ

ကမ္ဘာ့အကျော်ကြားဆုံး တင်းနစ်မယ်စာရင်းမှာ ဆရီနာကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

play

 

တင်းနစ်အကျော်အမော် ဆရီနာဝီလျံရဲ့ကြံ့ခိုင်လှပတဲ့ ကိုယ်ခန္ဓာကို SELF မဂ္ဂဇင်းက ဆက်စီအားကစားဝတ်စုံနဲ့တွဲဖက်ပေးခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် အမေရိကန်တင်းနစ်မယ်က အားကစားသမားတစ်ဦးရဲ့ ကိုယ်ခန္ဓာကို ရဲရဲဝင့်ဝင့် ပြသခဲ့သလို ဝတ်စုံတွေကလည်း သူမနဲ့အတော်လေး အသားတကျလိုက်ဖက်လှပါတယ်။

play

 

ဓာတ်ပုံတွေကိုတော့ ကမ်းခြေနောက်ခံထား ရိုက်ကူးခဲ့ပြီး ဆရီနာက ဝတ်စုံသုံးစုံ ပြောင်းလဲခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲတာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

play

 

ယခုနှစ် ဝင်ဘယ်လ်တန်ပြိုင်ပွဲမှာ အနိုင်ရခဲ့ခြင်းက သူမအတွက် ၂၂ ကြိမ်မြောက် ဂရင်းဆလင်း ချန်ပီယံဆုလည်း ဖြစ်လာစေခဲ့ပါတယ်။ ဆရီနာက မကြာခင်ကျင်းပတော့မယ့် ရီယိုအိုလံပစ်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကာ ရွှေဆုကိုမှန်းထားတယ်လို့လည်း ဆိုပါတယ်။

play

 

Source : Self

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ