International: မြန်မာဗီယက်နမ်ပွဲအပြီး လူမှုကွန်ရက်တွင် နာမည်ကျော်လာသည့် ကွင်းလယ်ဒိုင် ဟွမ်ဂျောင်အို

ဗီယက်နမ် လူမှုကွန်ရက်အသုံပြုသူ အချို့နဲ့ မီဒီယာအချို့ကလည်း သူမရဲ့ ရုပ်ရည်ပြေပြစ်မှုအကြောင်း ရေးသားဖော်ပြကြပါတယ်။

play

 

မြန်မာအမျိုးသမီးအသင်းက ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီးကွင်းလယ်ဒိုင်ရဲ့ အကြောင်းဟာ လူမှုကွန်ရက်မှာ လူပြောများလာခဲ့ပါတယ်။

play

 

တောင်ကိုရီးယား ဘောလုံးဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဟွမ်ဂျောင်အိုဟာ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗီယက်နမ်အတွက် ပွဲစဉ်နှစ်ပွဲဆက်တိုက် ကိုင်တွယ်ခွင့် ရခဲ့တဲ့ ဘောလုံးဒိုင်လူကြီး ဖြစ်ပါတယ်။ ထိုင်းကို ဗီယက်နမ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ဟွမ်ဂျောင်အိုက ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။

play


မြန်မာအသင်းက ဗီယက်နမ်ကို နာကျင်အချိန်ပို နောက်ဆုံးအချိန်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပြီး အချိန်ပိုဆက်ကစားရုံသာ မက ပင်နယ်တီအဆုံးအဖြတ်ပါ ကန်ခဲ့ရပါတယ်။ နောက်ဆုံးမိနစ် ပင်နယ်တီပေးလိုက်ရတဲ့ အချိန်မှာ မြန်မာပရိသတ်အချို့ ဆူပူခဲ့တာကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပါသေးတယ်။

play


ဗီယက်နမ်လူမှုကွန်ရက်အတွင်းမှာလည်း အဆိုပါ ကွင်းလယ်ဒိုင်ရဲ့အကြောင်း ပြောဆိုမှုတွေ များပြားနေပြီး အများစုကတော့ ဟွမ်ဂျောင်အိုရဲ့ ပြေပြစ်တဲ့ ရုပ်ရည်ကို ချီးမွမ်းနေကြတာပါ။ ဟွမ်ဂျောင်အိုဟာ ၁၉၈၈ ခုနှစ် မွေးဖွားသူဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

play
play
play

Source & Photos : Vietnamtall, http://vietnamvn.net/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ