International: မီယာမီမှာ ကြံ့ခိုင်ရေးမော်ဒယ်နဲ့ အချစ်သစ်တွေ့နေတဲ့ ရော်နယ်ဒို

play

 

မီယာမီမှာ အားလပ်ရက် အပန်းဖြေနေဆဲ ဖြစ်တဲ့ရော်နယ်ဒိုက ကြံ့ခိုင်ရေးအလှမယ် ကက်ဆန်ဒါနဲ့ ရေကူးကန်နံဘေး အနမ်းခြွှေပြီး ပျော်မြူးနေကြောင်း ဗြိတိန်မီဒီယာတွေနဲ့ ဟောလီးဝုဒ်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

play

 

အားလပ်ရက်ခရီးစဉ်တွေမှာ အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ်တွေ့ရလေ့ရှိတဲ့ ရော်နယ်ဒိုနဲ့ ကက်ဆန်ဒါရဲ့ အခြေအနေက ချစ်သူတွေ အဆင့်ကို ရောက်ရှိနေကြပြီဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ရေးသားထားကြပါတယ်။

play

 

ကက်ဆန်ဒါဒေးဗီးစ်ဟာ ဖလော်ရီဒါမှာ အခြေစိုက်နေထိုင်တဲ့ ကြံ့ခိုင်ရေးမော်ဒယ်တစ်ဦးဖြစ်ပြီး လူမှုကွန်ယက်အင်စတာဂရမ်မှာ Follower ငါးသိန်းကျော် ရှိထားသူ ဖြစ်ပါတယ်။

play
play

 

သူတို့နှစ်ဦးက ရေကူးကန်ဘေးက ထိုင်ခံမှာ ရှိနေကြပြီး နှစ်ဦးလုံး လှဲလျောင်းနေကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုက သူမကို သိုင်းဖက်ထားပြီး နဖူးကိုနမ်းနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။

play

 

အဲဒီနောက် ရေကူးကန်ထဲရောက်သွားတဲ့ သူမတို့နှစ်ဦး တစ်ဦးနဲ့ တစ်ဦး ကျီစယ်နေတဲ့ ပုံတွေလည်း ပါဝင်လာခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ