International: အသင်းသစ်နဲ့ ပွဲဦးထွက်မှာ နားရွက်ပြတ်လုနီးနီး ဖြစ်သွားတဲ့ကစားသမား

ပြိုင်ဘက် ကစားသမားက ဦးခေါင်းကို မတော်တဆ တက်နင်းမိခဲ့လို့ ဖြစ်ပါတယ်။

play

 

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းနဲ့ ပထမဆုံးအကြိမ် ပွဲထွက်လာတဲ့ ကစားသမား ဂျရယ်မီးမန်နက်ဇ်ဟာ ပွဲဦးထွက်မှာပဲ ဖြစ်ရပ်ဆိုး ကြုံတွေ့လိုက်ရပါတယ်။

play

 

ဘော်ဒိုးနဲ့ လောရီးယန့်တို့ကစားတဲ့ ခြေစမ်းပွဲမှာ လော်ရီးယန့် ကွင်းလယ်ကစားသမားက မန်နက်ဇ်ရဲ့ ဦးခေါင်းကို မတော်တဆ တက်နင်းမိခဲ့ပြီးနောက် မန်နက်ဇ်ရဲ့ နားရွက်ဟာ တစ်ဝက်ခန့် စုတ်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်ကနေ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့ပြီး နှစ်ရက်အကြာမှာပဲ မန်နက်ဇ်က ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

play

 

အသင်းသစ်နဲ့ ပွဲစထွက်ပြီးနောက် ၁၅ မိနစ်သာ ကြာမြင့်သေးချိန်မှာ ဒီဖြစ်ရပ်ဆိုးကို မန်နက်ဇ်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ခွဲစိပ်ကုသမှု လုပ်ရတော့မယ်လို့ ဘော်ဒိုးအသင်းက အတည်ပြုလိုက်ပါတယ်။ မတော်တဆဖြစ်ရပ်အတွက် မိမိဘက်က တောင်းပန်ကြောင်း ပွဲအပြီးမှာ လောရီးယန့် ကစားသမား ဒီဒီယာဒေါင်က ပြောကြားခဲ့ပါသေးတယ်။

play

 

ဓာတ်ပုံမှတ်တမ်းတွေအရ မန်နက်ဇ်ရဲ့ နားရွက်ဟာ တစ်ဝက်လောက် ပြတ်ကျလုနီးနီး ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။ အဲဒီပွဲစဉ်မှာ ဘော်ဒိုးက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ