International: လိမ္မော်ရောင်သေနတ်၊ ပန်းရောင်ကျည်ဆန်တွေနဲ့ ညှို့အားပြင်းအလှပိုင်ရှင်

ငယ်ရွယ်နုပျိုပြီး ဆက်စီဆန်ဆန် လှပသူဖြစ်သလို သေနတ်ပစ်ရာမှာလည်း အလွန်လက်ဖြောင့်သူလေး ဖြစ်ပါတယ်။

play


အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် အားကစားမယ်လေး အမ်ဘာဟေးလ်က ညှို့အားပြင်းအလှကို ပိုင်ဆိုင်ထားသူပါ။ သူမက ငယ်ရွယ်နုပျိုပြီး ဆက်စီဆန်ဆန် လှပသူဖြစ်သလို သေနတ်ပစ်ရာမှာလည်း အလွန်လက်ဖြောင့်သူလေး ဖြစ်ပါတယ်။ လက်ဖြောင့်လှတဲ့ အမ်ဘာက ငယ်ငယ်ရွယ်ရွယ်ဖြင့် သေနတ်ပစ်အားကစားမှာ ရွှေတံဆိပ်သုံးခု ဆွတ်ခူးထားပါတယ်။

play


ISSF World Cup ရဲ့ ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရပါတယ်။ အဇာဘိုင်ဂျန်မှာ ယမန်နှစ်က ကျင်းပပြုလုပ်တဲ့ ဥရောပအားကစားပြိုင်ပွဲမှာလည်း အမ်ဘာက ရွှေတံဆိပ်ဆု ရရှိထားပါတယ်။

play

 

အမ်ဘာရဲ့ ပေါင်စတာလင် ၈,၀၀၀ တန် သေနတ်က လိမ္မော်နဲ့အနက်ရောင် ပေါင်းစပ်ခြယ်သထားပြီး ကျည်ဆန်တွေကိုလည်း သူမ စိတ်ကြိုက် ပန်းရောင်ခြယ်သထားပါတယ်။

play


အမ်ဘာက သူမရဲ့ လိမ္မော်ရောင် သေနတ်ကို 'ဘေဘီ' လို့ တင်စားပြောဆိုလေ့ရှိပါတယ်။ အမ်ဘာက အသက် ၁၀ နှစ်သမီးအရွယ်မှာ သေနတ် စတင်ပစ်ခတ်ခဲ့ပြီး သူမရဲ့အဘိုးဖြစ်သူ အားပေးမှုဖြင့် သေနတ်ပစ်ကွင်းမှာ လေ့ကျင့်ပစ်ခတ်ခဲ့ပါတယ်။

play


အသက် ၁၅ နှစ်အရွယ်ဖြင့် ISSF World Cup မှာ ရွှေတံဆိပ်ဆုရရှိပြီး ISSF World Cup ရဲ့ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ အမ်ဘာက တစ်ပတ်ကို ကျည်ဆန် ၅၀၀ ကျော် အသုံးပြုပြီး သေနတ်ပစ်လေ့ကျင့်လေ့ရှိကာ ကိုယ်ပိုင် သေနတ်ပစ်ကွင်းတစ်ခုလည်း တည်ဆောက်နေပါတယ်။

play


ညှို့အားပြင်းအလှနဲ့ လက်ဖြောင့်တဲ့ သေနတ်ပစ်အားကစားမယ် အမ်ဘာက ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာလည်း ဗြိတိန်နိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အမ်ဘာက ၂၀၁၆ အိုလံပစ်မှာလည်း ရွှေတံဆိပ်ဆွတ်ခူးနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားထားပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ