International: ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ယနေ့ ကျင်းပမည်

အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀၆ နိုင်ငံနဲ့ ရွှေ့ပြောင်းဒုက္ခသည် အသင်းတစ်သင်းတို့က အားကစားနည်း ၃၁ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

play


၃၁ ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ရှိ မာရာကန်နာ အာကစားကွင်းမှာ ယနေ့ (သြဂုတ် ၅ ရက်) ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀၆ နိုင်ငံနဲ့ ရွှေ့ပြောင်းဒုက္ခသည် အသင်းတစ်သင်းတို့က အားကစားနည်း ၃၁ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

play
အိုလံပစ်ဖွင့်ပွဲ အခမ်းအနားအတွက် မီးရှူးမီးပန်းများ စမ်းသပ်စဉ်။


အိုလံပစ်ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ ဘီလီယံနဲ့ချီတဲ့ ပရိသတ်တွေ အားပေးကြည့်ရှုကြမယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ မစတင်မီက ရုရှားအားကစားသမားများ တားမြစ်ဆေးသုံးကြောင်း စစ်ဆေးတွေ့ရှိမှုကြောင့် ပိတ်ပင်ခံရမှု၊ ဘရာဇီးမှာ ပျံ့နှံ့နေတဲ့ ဇီကာဗိုင်းရပ်စ်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းတွေနဲ့အတူ လှုပ်လှုပ်ခတ်ခတ် ရှိခဲ့ပါတယ်။

play
အိုလံပစ်ဖွင့်ပွဲ အခမ်းအနားအတွက် မီးရှူးမီးပန်းများ စမ်းသပ်စဉ်။


ရီယို အိုလံပစ်ပြိုင်ပွဲဟာ တောင်အမေရိကမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲကို သြဂုတ် ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပေမဲ့ ဘောလုံးပြိုင်ပွဲများ အပါအဝင် အားကစားပွဲစဉ်တွေကို ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက စတင်နေခဲ့ပါတယ်။

play


၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာတစ်ဝန်းမှ ခန့်မှန်းခြေ ပရိသတ် ၃ ဘီလီယံက ကြည့်ရှုကြမယ်လို့ ခန့်မှန်းထားပါတယ်။ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို အကသမား ၃၀၀၊ လုပ်အားပေးပါဝင်သူ ၅,၀၀၀ နဲ့ အိုလံပစ်အထိမ်းအမှတ် ဝတ်စုံများဖြင့် ပွဲတက်ရောက်သူ ၁၂,၀၀၀ တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

play


ဘရာဇီး စူပါမော်ဒယ် ဂစ်ဆီလီ ဘန်ချန်နဲ့ အင်္ဂလိပ်မင်းသမီးကြီး ဂျိုဒီတို့က ပွဲတင်ဆက်မှုမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ဆုံး သတင်းများအရ အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို လေးနာရီနောက်ကျပြီး ကျင်းပမယ်လို့ ဆိုပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ