International: ဟိုတယ်လုပ်ငန်းရှင်ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အတွင်းခံ၊ ရေမွှေး၊ ဖိနပ်တို့ကိုလည်း ထုတ်လုပ်နေသူပါ။

play

 

နာမည်ကျော်ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဘောလုံးနဲ့မသက်ဆိုင်တဲ့ အခြားနယ်ပယ်တစ်ခုမှာ ခြေလှမ်းသစ် စတင်လိုက်ပါပြီ။ နောက်ဆို ဒိုလေးရဲ့ဟိုတယ်တွေမှာ အနားယူအိပ်စက်နိုင်တော့မှာပါ။

play

 

မဒီးယား၊ လစ္စဘွန်း၊ မက်ဒရစ်မြို့တွေက ဟိုတယ်တွေမှာ ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ Pestana Hotels လုပ်ငန်းစုနဲ့ ပူးပေါင်းဖွင့်လှစ်မယ့် ဟိုတယ်တွေကိုတော့ Pestana ဘက်ကပဲ စီမံအုပ်ချုပ်ရေးပိုင်းကို တာဝန်ယူသွားမယ်လို့ သိရပါတယ်။ လစ္စဘွန်းမြို့ သမိုင်းဝင်မြို့လယ်ကောင်နေရာ၊ မက်ဒရစ်မြို့က Gran Vía နဲ့ ဇိမ်ခံသင်္ဘောဆိပ်အပြင် နယူးယော့ခ်မြို့က Times Square မှာ ဟိုတယ်လေးလုံး ဆောက်လုပ်သွားမယ်လို့ Forebs သတင်းက ဇွန်လအတွင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

play
Pestana CR7 Funchal ဟိုတယ်

 

ပထမဆုံးအနေနဲ့ ပေါ်တီဂူအနောက်တောင်ပိုင်း၊ မဒီးယားကျွန်းက  Pestana CR7 Funchal ဟိုတယ်ကို ဇွန်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လစ္စဘွန်းက Pestana CR7 Lisboa ဟိုတယ်ကိုလည်း သြဂုတ်လထဲမှာပဲ ဖွင့်လှစ်တော့မှာပါ။ နယူးယော့ခ်ကဟိုတယ်ကိုတော့ လာမယ့်နှစ်မှာဖွင့်လှစ်သွားမယ်လို့ Pestana Hotels လုပ်ငန်းစုက ကြေညာထားပါတယ်။

Source : Forbes

play
Pestana CR7 Lisboa ဟိုတယ်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ